Main menu

Background

၂၀၁၆ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၏ အသားနှင့် နို့ထွက်ပစ္စည်းများ တင်ပို့မှုကျဆင်

Fri, 02/10/2017 - 11:43 -- journal_editor

        ၂၀၁၆ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၏ အဓိကထိပ်တန်းပို့ကုန်နှစ်မျိုး ဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်း တို့၏ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် အစိုးရ စာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိ ရသည်။ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပို့ကုန် တင်ပို့မှုတန်ဖိုးသည်  အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၈၇ သန်းလျော့နည်းခဲ့ ကြောင်း အဆိုပါဌာန၏စာရင်းများ တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ဒုတိယအကြိမ်မြောက် ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။
         ဒုတိယပို့ကုန်အများဆုံး အုပ်စု တွင်ပါဝင်သည့် အမဲသားနှင့် တိရစ္ဆာန်များမှထွက်ရှိသည့် အသားတင်ပို့မှုမှ ရရှိငွေပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၉ ဘီလီယံရှိရာမှာ အမေ ရိကန်ဒေါ်လာ ၆၈၁ ဒသမ ၈၄ သ န်း ကျဆင်းခဲ့ပြီး၊ ရောင်းချရမှုပမာဏအနေဖြင့် ၇ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်က အသားအဓိကထုတ်လုပ်တင်ပို့မှု အကြီးအကျယ် ကျဆင်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင်ပါ အသားထုတ်လုပ် တင်ပို့မှု ကျဆင်းခဲ့သည့်ဒဏ် ရိုက်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အပြည် ပြည်ဆိုင်ရာ စာရင်းအင်းဌာန၏ အကြီး တန်းမန်နေဂျာ Nicola Growden က ထုတ်ဖော်ပြောကြားခဲ့သည်။ နို့မှုန့်၊ ထောပတ်နှင့် ဒိန်ခဲ တင်ပို့ မှုပမာဏ အနြေ ဖင့် တန်ချိန်သုံးသန်း တင်ပို့နိုင်ခဲ့သော်လည်း နို့ထွက်ပစ္စည်း တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၅ ဘီလီယံ ရာခိုင်နှုန်းအားဖြင့် ၃ ရာခိုင်နှုန်းနီးပါးလျော့နည်း တင်ပို့ ခဲ့ကြောင်းသိရသည်။ နို့ထွက်ပစ္စည်း တင်ပို့မှုပမာဏ သည် ၂၀၁၃ ခုနှစ်မှစတင်၍ မြင့်တက် လာခဲ့ပြီး၊ တရုတ်နိုင်ငံသို့ နို့ထွက်ပစ္စည်း တင်ပို့မှုသည် ၂၀၁၅ ခုနှစ်တွင် ၂၃ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၂၅ ရာခိုင် နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
       သွင်းကုန် တင်သွင်းမှုတန်ဖိုးသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅၆ ဘီလီယံရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် အမြင့်ဆုံးတင်သွင်းခဲ့သည့်တန်ဖိုး၏ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်းသိရသည်။ ယခုကဲ့ သို့ သွင်းကုန် တန်ဖိုးကျဆင်းရခြင်းမှာ ရေနံနှင့် ဓာတ်ဆီ ဈေးနှုန်းကျဆင်းမှု၊ မော်တော်ကား၊ ယာဉ်နှင်ယာဉ် အပို ပစ္စည်းတို့၏ဈေးနှုန်းများမြင့်တက်မှုတို့ကြောင့် ဖြစ် ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှု လိုငွေ စုစုေ ပါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃ ဘီလီယံရှိပြီး၊ ၎င်းင်း ပမာဏသည် ၂၀၁၅ ခုနှစ် ကုန်သွယ်မှုလိုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅ ဘီလီ ယံအောက်သို့ လျော့နည်း ကျဆင်းခဲ့သည်။ ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့ သည့် ကုန်သွယ်မှုလိုငွေပမာဏသည် ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပေါ်ခဲ့သည့် ကုန် သွယ်မှုလိုငွေများအနက် အမြင့်မားဆုံး သော လိုငွေပြသည့် နှစ်တစ်နှစ်ဖြစ်ခဲ့ ကြောင်း သိရသည်။

 

ခင်စုစုလှိုင် (CJ)