Main menu

Background

တောင်ကိုရီးယား ဆမ်ဆောင်းကုမ္ပဏီက အလုပ်အကိုင် အဆင့်သတ်မှတ်ချက် စနစ်သစ်ကို စတင်ကျင့်သုံးမည်

Fri, 02/17/2017 - 10:44 -- journal_editor

       စည်းမျဉ်းတင်းကျပ်ပြီး ထိပ်ပိုင်းမှ အောက်ခြေအဆင့်သို့သွားသော ကုမ္ပဏီ၏ဆက်ဆံရေးကို ပြုပြင်ရန်အတွက် ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီက လာမည့်လတွင် အလုပ်အကိုင်အဆင့်သတ်မှတ်ချက်ကို ထူးထူးြ ခားခြား ပြုပြင်သွားမည်ဟု ကုမ္ပဏီအရာရှိများက ပြောကြောင်း ယွန်းဟပ်သတင်းတွင်ဖော်ပြသည်။ ဆမ်ဆောင်းကုမ္ပဏီရှိ အလုပ်အကိုင်ရာထူးနေရာများ၏ အမှုဆောင်အဆင့်ရာထူးနေရာများအောက်ရှိ အလုပ်အကိုင် အဆင့်များ ကို မူလကအဆင့် ခုနစ်ဆင့်ထားရှိရာမှ လေးဆင့်သို့ လျှော့ချမည်ဖြစ်ကြောင်း ဆမ်ဆောင်းဂရုပ်က ပြောသည်။ စနစ်သစ် အဆင့်လေးဆင့်ကို သတ်မှတ်ရာ တွင် ဝါစဉ်အလိုက်သတ် မှတ်ခြင်းမဟုတ်ဘဲ အလုပ်အကိုင် စွမ်းဆောင် ရည်အရ သတ်မှတ်ခြင်းဖြစ်သည်။
       ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ခေါ်ဝေါ်သုံးစွဲရာတွင် ကုမ္ပဏီဝန်ထမ်းအားလုံး၏ အမည်နောက်တွင် nim ဟူသောစကားလုံးကို ထည့်သွင်းအသုံးပြု ရမည်ဖြစ်သည်။ မစ္စတာသို့မဟုတ် မစ္စက်ဟုအဓိပ္ပာယ်ရသည်။ "စနစ်သစ် မှာ လက်ရှိသုံးစွဲနေတဲ့ ထိပ်ပိုင်းမှအောက်ခြေသို့ဆင်းသော အဆင့်သတ်မှတ်တဲ့စနစ် ကို ပယ်ဖျက်ထားပါတယ်။ အဆင့်သတ်မှတ်ရာမှာလည်း ဝါစဉ်အရ သတ်မှတ်ခြင်းထက် စွမ်းဆောင်ရည်အပေါ်မှာ ပိုမိုအလေးပေးတဲ့ ကုမ္ပဏီ ယဉ်ကျေးမှု (ကုမ္ပဏီဆက်ဆံရေး)ကို ဖော်ဆောင်ထားပါတယ်" ဟု ဆမ်ဆောင်း အီလက် ထရွန်းနစ်အရာရှိတစ်ဦးက ပြောသည်။
         ဆမ်ဆောင်း၏ အဆင့်သတ်မှတ်ချက်ပုံစံကို မူလစီစဉ်ထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ပြီဆိုပါက ဆမ်ဆောင်း၏ အခြားသော လက်အောက်ခံကုမ္ပဏီများကလည်း လိုလိုလားလား လိုက်ပါဆောင်ရွက် မည်ဖြ စ် ကြောင်း ဆမ်ဆောင်းအရာရှိတစ်ဦးက ပြောသည်။ ကုမ္ပဏီ၏ ရာထူးသတ်မှတ်ချက် အစီအစဉ်ကို ယခင်နှစ် ပထမနှစ်ဝက်ကတည်းက အပြီးသတ်ရေးဆွဲထားပြီးဖြစ်သည်။ သို့သော်လည်း သမ္မတပတ်ဂွင်ဟေးနှင့် သူမ၏မိတ်ေ ဆွ ချိုင်းဆူဆေးတို့နှင့် ပတ်သက်သော အရှုပ်တော်ပုံတွင် ဆမ်ဆောင်းကုမ္ပဏီ ပါဝင်ပတ်သက်နေမှုကြောင့် အကောင်အထည်ဖော်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည်။

 

ဉာဏ်တင်