Main menu

Background

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ပူးတွဲကုန်အမှတ်တံဆိပ်ကို အသုံးပြုလာ

Fri, 02/17/2017 - 10:59 -- journal_editor

        ပူးတွဲကုန်အမှတ်တံဆိပ်အသုံး ပြုမှုသည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် အသုံးတွင်ကျယ်လာသော နည်းလမ်းတစ်ခု ဖြစ်လာသည့်အတွက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် ဝင် ရော က်ရာတွင် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အဖြစ်အသုံးပြုလာကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဤနည်းလမ်းကို  အသုံးပြုသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်း Biti နှင့် လ က်ဝတ်ရတနာ ထုတ်လုပ်ရေးလုပ် ငန်း PNJ တို့မှာ ပထမဆုံး ပြည်တွင်း စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။
       ဒစ္စနေ၏ နာမည်ကြီးရုပ်ရှင် Frozen တွင်ပါရှိသော ရုပ်ပုံများကို ကုမ္ပဏီထုတ်ကုန်များအပေါ်တွင် အသုံးပြုခွင့်ကို Biti ကုမ္ပဏီကရရှိခဲ့သည်။ PNJ ကုမ္ပဏီကမူ ကုန်ပစ္စည်းများကို ထုတ်လုပ်ရာတွင် ပြင်သစ် ကုမ္ပဏီတစ်ခုဖြ စ်သော Swarovski နှင့် ပူးတွဲဆောင်ရွက်ခဲ့သည်။ "ကမ္ဘာတစ်ဝန်း နာမည်ရနေတဲ့ ကုန်အမှတ်တံဆိပ်တွေ အသုံးပြုခွင့်ကို ဝယ်ယူခြင်းအားဖြင့် ဗီယက်နမ်စီးပွား ရေးလုပ်ငန်းများရဲ့ အရည်အသွေး တိုးတက်လာစေရုံသာမက သုံးစွဲသူများကလည်း  အကောင်းစားထုတ်ကုန် တွေကို  အသုံးပြုခွင့်ရခဲ့ပါတယ်"ဟု Biti ကုမ္ပဏီ၏ လက်ထောက်ညွှန် ကြားရေးမှူးချုပ် Vuu Le Quyen က ပြောကြောင်း Phu Nu (အမျိုးသမီး) သတင်းစာတွင် ဖော်ပြသည်။
        ကုန်အမှတ်တံဆိပ်ကို ပူးတွဲ အသုံးပြုခြင်းအားဖြင့် နိုင်ငံတကာ အမှတ်တံဆိပ်များက ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သစ်များအတွင်းသို့ ထိုးဖောက်နိုင်သည့် နည်းတူ ဗီယက်နမ်ပြည်တွင်း ကုမ္ပဏီများကလည်း ဘ ဏ္ဍာရေးရင်းမြစ်သစ်များ ခေတ်မီနည်းပညာများ၊ မိတ်ဖက်ကုမ္ပဏီများ၏ ဖောက်သည်များနှင့် ဈေးကွက်များကို ဆက်သွယ်ခွင့်အသုံး ချခွင့်များရရှိစေသည်။ "ဒစ္စနေကုမ္ပဏီက ဗီယက်နမ်ကုမ္ပဏီတစ်ခုကို လုပ်ငန်းပူးတွဲ လုပ် ဆော င်ဖို့ ရွေးချယ်တာကို ကြည့်ခြင်းအားဖြင့် ဗီယက်နမ်ကုမ္ပဏီက ဒစ္စနေ ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာနိုင်စွမ်းရှိတယ်။ ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံခြားစီးပွားရေးကုမ္ပဏီကြီးတွေနဲ့ ပူးတွဲဆောင် ရွက်နိုင် စွမ်းရှိတယ်ဆိုတာကို သက်သေပြနေပါတယ်" ဟု ဟိုချီမင်းစီးတီး စီးပွားရေးလုပ်ငန်းများအသင်း ဒုတိယ ဥက္ကဋ္ဌ ဖန်ငေါဟန်းက ပြောသည်။“

 

ဉာဏ်တင်