Main menu

Background

ကမ္ဘာ့ဈေးကွက်သို့ဝင်ရောက်မည့်လုပ်ငန်းသစ် ၁၀၀ ကို ၂၀၂၀ ပြည့်နှစ်အတွင်း ထူထောင်ပေးရန် တောင်ကိုရီးယား ယာယီသမ္မတ ကတိပြု

Wed, 02/22/2017 - 13:33 -- journal_editor

         လုပ်ငန်းသစ်များ  ထူထောင်ရန်၊ အလုပ်အကိုင်သစ်များ ဖန်တီးရန်နှင့် စီးပွားရေးပြန်လည် ရှင်သန်လာစေရန်  တောင်ကိုရီးယားအစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ဈေးကွက်သို့ ဝင်ေ ရာက်နိုင်မည့် ထူထောင်စလုပ်ငန်းသစ် ၁၀၀ ကို ပြုစုပျိုးထောင်ပေးသွားမည်ဟု ယာယီသမ္မတနှင့် ဝန်ကြီးချုပ် ဝှမ်ဂျိုးအမ်းက ကတိပြုခဲ့ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ဤရည်မှန်းချက်ကို အောင်မြင်အောင် ဆောင် ရွက်ရန်အတွက် အစိုးရက "မဟာဗျူဟာ မြောက် အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်သည့် အကူအညီများ"ကို ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အကူအညီများတွင် တောင်ကိုရီးယား ထူထောင်စလုပ်ငန်းများ အား နိုင်ငံခြား ဈေးကွက်များသို့ ဝင်ရောက်နိုင်ရန် သို့မဟုတ် ပြည်ပတွင်လုပ်ငန်းများ သွားရောက်ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေရေးရာ အတိုင်ပင်ခံအကူ အညီများလည်းပါဝင်သည်။
        "လုပ်ငန်းသစ်တွေကို ထူထောင်ပေးပြီးတော့ ကျွန်တော်တို့အစိုးရက စီးပွားရေး ပြန်လည်ရှင်သန်ဖို့နဲ့ အလုပ်အကိုင်သစ်တွေဖန်တီးဖို့ စတင်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ထူထောင်စ လုပ်ငန်းသစ်များ တိုးြ မှင့်ဆောင်ရွက်ရေးကို တာဝန် ယူဆောင်ရွက်မည့် ဝန်ကြီးများနှင့် တွေ့ဆုံသော အစည်းအဝေးတွင် ဝှမ်ကပြောသည်။ ကမ္ဘာပေါ်ရှိ အဓိကကျသည့် ဈေးကွက်များတွင် ဆောင်ရွက်ကြမည့် ထူထောင်စလုပ်ငန်းသစ်များကို အကူအ ညီပေးရန်အတွက် အစိုးရကအတိုင် ပင်ခံအဖွဲ့များကို ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။ ထိုအဖွဲ့အစည်းများက ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်၊ စီးပွားရေး လုပ်ငန်းများကို လူသိများ လာစေ ရန်နှင့် ပင်လယ်ရပ်ခြားဒေသတွင် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ လိုအပ်သည့်ဥပဒေရေးရာ အကြံဉာဏ်များကို ပေးသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူကပြောသည်။

 

ဉာဏ်တင်