Main menu

Background

အာဆီယံနှင့် အက်ဖ်တီအေ စေ့စပ်ညှိနှိုင်းမှုများကို တောင်ကိုရီးယားနိုင်ငံက အရှိန်အဟုန်မြှင့်ဆောင်ရွက်

Wed, 02/22/2017 - 13:40 -- journal_editor

       ကုန်သွယ်မှုတွင် ကိုယ်ကျိုးစီးပွား ကာကွယ်မှု ကြောင့် စိုးရိမ်နေချိန်တွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ် (အက်ဖ်တီအေ) များ အဆင့်မြှင့် တင်ရေး စေ့စပ်ညှိနှိုင်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် တောင် ကိုရီးယားနှင့် အရှေ့တောင် အာရှနိုင်ငံတို့က  သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်က ပြောကြားကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ တောင်ကိုရီးယားနှင့် အာဆီယံတို့ အက်ဖ်တီ အေစေ့စပ်ညှိနှိုင်းမှုများကို ၂၀၀၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ ထိုအချိန်က ကိုရီးယားအာဆီယံ အက်ဖ်တီအေ အကောင်အထည်ဖော်ရေး ကော်မတီ တွင် စင်ကာပူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွ က် နေချိန်ဖြစ်သည်။  ထိုအချိန်မှစ၍ တောင်ကိုရီးယား အစိုးရသည် အာဆီယံ ၁၀ နိုင်ငံနှင့် အက်ဖ်တီအေ ဆွေးနွေးမှုများ တိုးတက်ကောင်းမွန်ရေးအတွက် စေ့ စပ်ဆွေးနွေးလျက်ရှိသည်။
          အက်ဖ်တီအေ သဘောတူစာချုပ်ကို ချုပ်ဆို နိုင်သည့်အတွက် တောင်ကိုရီးယားနှင့် အာဆီယံတို့၏ ကုန်သွယ်မှုသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း နှစ်ဆ နီးပါး မြင့်တက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အမေရိကန် ဒေါ်လာ ၆၂ ဘီ လီယံရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် အမေ ရိကန်ဒေါ်လာ ၁၁၉ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ဂျူး ဟွန်ဝှမ်သည် ဖေဖော်ဝါရီ ၁၀ ရက်က စင်ကာပူကုန် သွယ်ရေးဝန်ကြီး လင်ဟောင်ကျန်းနှ င့် စင်ကာပူနိုင်ငံ တွင်တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။ မေတွင် ဝန်ြ ကီးအဆင့် ဆွေးနွေးပွဲများကို ထပ်မံကျင်းပရန် ဝန်ကြီး နှစ်ဦးက သဘောတူညီခဲ့ကြသည်။
           ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသော သီးခြား ဆွေးနွေးပွဲတွင် တောင်ကိုရီးယားနှင့် ဖိလစ်ပိုင် နိုင်ငံ တို့သည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင် ရွက်မှု (Regional Comprehensive Economic Partn -ership) သဘောတူစာချုပ်ကို အမြန်ဆုံး ချုပ် ဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘော တူခဲ့ကြသည်။ RCEP သဘောတူစာချုပ်တွင် အာဆီယံ ၁၀ နိုင်ငံနှင့် တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစ တြေးလျ၊ နယူးဇီ လန်နှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်သည်။ RCEP သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ်က စတင် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

 

ဉာဏ်တင်