Main menu

Background

၂၀၁၇ ခုနှစ်တွင် အခွင့်အလမ်းများ ပေါ်ထွက်လာလိမ့်မည်ဟု ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက ခန့်မှန်း

Wed, 02/22/2017 - 14:03 -- journal_editor

      ဖုန်ဒင်းစကာဗီ ကုမ္ပဏီသည် ဟွေးမြို့တော် ဖုန်ဒင်းစက်မှုဇုန်တွင် ချည်ထည်နှင့် အထည်ချုပ်လုပ်ငန်းကို အထူးပြုဆောင်ရွက်သော စက်မှုစင်တာတစ်ခုကို တည်ေ ဆာက်နေသည်ဟု  ကုမ္ပဏီဥက္ကဋ္ဌ ထရန်ဗန်မိုင် က ပြောေ ကြာင်း ဗီယက်နမ်နယူးစ် သတင်းတွင် ဖော်ပြသည်။ ယခုစက်ရုံမှာ ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးတည်ေ ဆာက်သော စက်ရုံဖြစ်ပြီး ၂၀၁၅ ခုနှစ် ၂၀၁၆ ခုနှစ်တို့တွင် စမ်းသပ်လည်ပတ်ခဲ့ပြီးဖြစ်သည်။ ဤစက်ရုံကို ယခုနှစ် ဒုတိ ယ သုံးလပတ်တွင် စတင်လည် ပတ် တော့ မည်ဖြစ်ကြောင်းနှင့် စက်ရုံကို စမ်းသပ်လည်ပတ်လိုက်ခြင်းအားဖြင့် ပူးတွဲအထောက်အကူပြု လုပ်ငန်းများ၊ ဒီဇိုင်းလုပ်ငန်းစသည့် အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်ေ နသော အစိတ်အပို င်းများလည်း ပါဝင်လာမည် ဖြစ်သည့်အပြင် နောက်ဆုံးတွင် ပြည်ပတင် ပို့မည့် ကုန်ချောများကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မိုင်ကပြောသည်။
         ယခုထုတ်လုပ်မှု ကွင်းဆက်ကို ဆောင်ရွက်သည့်အတွက် ပို့ကုန်လုပ်ငန်းများ  ပိုမိုတိုးတက်လာခြင်းအားဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ် အထည်ချုပ်လုပ် ငန်းများ၏  ကုန်အမှတ်တံဆိပ်နှင့် ဂုဏ်သိဏ္ခာကို ပိုမိုတိုး တ က်လာအောင် အထောက်အကူ ပေးနိုင်ရုံသာမက လက်ရှိဆောင်ရွက်နေသော အတိုင်းအတာထက် ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်လာ နိုင်မည်ဖြစ်သည်။ ဗီယက်နမ်အထည်ချုပ်လုပ်ငန်းများတွင် အထူးသီးသန့်ပုံစံဒီဇိုင်းများ ရှိသ ည့်အတွက် နိုင်ငံခြားချည် ထည်ထုတ်လုပ်ေ ရးလုပ်ငန်းများက ဗီယက်နမ် အထည်ချုပ်လုပ်ငန်းကို စိတ်ဝင်စားလျက်ရှိရာ ယခုကဲ့သို့ ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ြ ဖစ်သည်။
        Viet Nam VP9 ကုမ္ပဏီကလည်း အထူးသဖြင့် အင်တာနက်အခြေပြု တယ်လီဗီးရှင်းကင်မရာများကို ထုတ်လုပ်လျက်ရှိရာ နည်းပညာဆိုင်ရာ ထုတ်ကုန်များ ေ ရာင်းချခြင်းအားဖြင့် ကုမ္ပဏီအတွက် ရောင်းရငွေ အမေရိ ကန်ဒေါ်လာ သန်း ၃၀၀ အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်သည် အန်းဒရွိုက်ကို အသုံးြ ပုသော အန်းဒရိုက်အပလီကေးရှင်းများစွာကို တပ်ဆင်သော စမတ်ကင်မရာများကို တီထွင်ရာတွင် ကမ္ဘာ၌ပထမဆုံးနိုင်ငံဖြစ်ကြောင်းနှင့် ထိုသို့အသုံးပြုခြင်းဖြင့် Inter -net of Things ကို အသုံးပြုနိုင်ခဲ့ကြောင်း သူက ပြောသည်။ အန်းဒရွိုက်သုံး စမတ်ဖုန်းများကို ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက်ရှိ ကြော င်းနှင့် အမေရိ ကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်တို့ကဲ့သို့သော ဈေးကွက်ကြီးများသို့ တင်ပို့နိုင် တော့မည်ဖြစ်ကြောင်း သူကပြောသည်။

 

ဉာဏ်တင်