Main menu

Background

တောင်သူလယ်သမားများအား ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးရေး သင်တန်းများ ပို့ချရန် တရုတ်အစိုးရစီစဉ်

Wed, 03/01/2017 - 14:00 -- journal_editor

ပိုးသတ်ဆေးများအား နည်းလမ်း မှန်ကန်စွာနှင့် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာနည်းပညာများအား    တရုတ် နိုင်ငံ    သီးနှံကာကွယ်ရေးဆိုင်ရာမှ ကျွမ်းကျင်ပညာရှင်များ၊ ပါရဂူများ၊ သင်တန်း သားများအား လေ့ကျင့်သင် တန်းပေးရန်အတွက် တရုတ်နိုင်ငံ ကောက်ပဲသီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအသင်းနှင့် ဂျာမနီကုမ္ပဏီတို့မှ မဟာဗျူဟာဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ ကြောင်း တရုတ်နိုင်ငံဆိုင်ရာBayer Crop Science Division  ၏အကြီးအကဲ  Huang Weidong က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ကောင်စီ၏ အသစ်    ပြင်ဆင်ပြဋ္ဌာန်းထားသော ပိုးသတ်ဆေး   သုံးစွဲခြင်းဆိုင်ရာ စည်း မျဉ်းစည်းကမ်းအရ     ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံ၏ လိုအပ် ချက်များ အား ပြည့်မီနိုင်ရေးအတွက် လယ်သမားတစ်ဦးချင်းစီ၏ လိုအပ် ချက်နှင့်ကိုက်ညီသော သင်တန်းများပို့ ချသွားမည်ဖြစ်သည်။
Bayer  အနေဖြင့် စိုက်ပျိုးရေးဆိုင် ရာဖွံ့ဖြိုးတိုးတက်မှုအား နှစ်ပေါင်းများ စွာ ရေရှည်ထိန်းသိမ်းနိုင်ရန်  စိတ်ပိုင်း ဖြတ်၍ ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး၊ သင်တန်းသားများအား သင်တန်းပို့ချ ခြင်းဖြင့် ပိုးသတ်ဆေးနှင့်သက်ဆိုင် သည့် အသိပညာများ၊ ပတ်ဝန်းကျင်၊ စီး ပွားရေးအခြေအနေကောင်းများနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိ ပညာတို့အား ကျွမ်းကျင်ပညာရှင်များမှ တစ်ဆင့်သိရှိစေနိုင်ပြီး၊ တိုးတက်မှုရရှိ စေနိုင်မည်ဖြစ်ကြောင်းHuang မှ ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းကပင် ပိုးသတ်ဆေးသုံးစွဲမှု ပညာပေးရေး ဆိုင်ရာ အစီအစဉ်များအားBayer ကစတင်ဆောင်ရွက်ခဲ့ပြီး၊ တရုတ်နိုင်ငံ လယ်သမားများအား လက်အိတ်ဝတ် ဆင်ခြင်း၏ အရေးပါမှုနှင့် ပိုးသတ်ဆေး အား အန္တရာယ်ကင်းရှင်းပြီး ဆင်ခြင်တုံ   တရားနှင့်သုံးစွဲနိုင်စေရေးနည်းလမ်း များအား ပညာပေးသင်ကြားခဲ့သည်။  ကုမ္ပဏီအနေဖြင့် ယခုအစီအစဉ် အတွင်း ၂၀၁၄ ခုနှစ်မှစ၍ ယွမ်တစ် သန်းကျော်ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ လယ် သမား သင်တန်းသားပေါင်း တစ်သိန်းကျော်အား သင်တန်းပေးခဲ့ပြီး၊ ဓာတုပစ္စည်းများမှ ကာကွယ်ပေးသော လက်အိတ်ပေါင်း သုံးသောင်းကျော်၊ တစ်ခါသုံးလက်အိတ် ငါးသောင်းကျော် နှင့်ဓာတုပစ္စည်းများမှ ကာကွယ်ေ ပး သောအဝတ်အစားနှင့် မျက်နှာဖုံးနှစ် သောင်းကျော်အား အခမဲ့ပေးဝေခဲ့ ကြောင်းBayer  မှ ပြောကြားခဲ့သည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့