Main menu

Background

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI )က အခွန်ကင်းလွတ်ခွင့် ကာလကို တိုးမြှင့်

Wed, 03/01/2017 - 14:01 -- journal_editor

ထိုင်းနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် အစိုးရ၏ဦးစားပေး လုပ်ငန်းကဏ္ဍများတွင် အခွန်ကင်းလွတ်ခွင့် ကာလကို ရှစ်နှစ်ပေးထားရာမှ ယခုအခါ ၁၃ နှစ်သို့တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံရ င်းနှီးမြှု ပ်နှံမှုဘုတ်အဖွဲ့(BOI )က အတည် ပြုခဲ့ပါသည်။
ယခုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ကို တိုးမြှင့်ပေး ရာတွင် နှစ်ပိုင်းခွဲခြားထားပြီး နည်းပညာဆိုင်ရာ လုပ်ငန်းများနှင့် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ဟူ၍ ဖြစ်ပါသည်။ နည်းပညာကဏ္ဍတွင် ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ အဆင့်မြင့် ကုန်စည်များထုတ်လုပ် သည့် နည်းပညာ၊ ဒစ်ဂျစ်တယ်လုပ်ငန်းများဖြစ်ပြီး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများမှာ သိပ္ပံနှင့်နည်း ပညာသင်တန်း၊ အီလက်ထရောနစ်ဒီဇိုင်း၊ အင်ဂျင် နီယာဒီဇိုင်း ရေးဆွဲခြင်း၊ ဓာတ်ခွဲခန်းဝန်ဆောင်မှုနှင့် စံနှုန်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြပါ သည်။
ထို့အပြင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဓာတုဗေဒပစ္စည်းများ၊ မူရင်းစက်ရုံထုတ် အပိုပစ္စည်းများ၊ တိရစ္ဆာန်များသို့မဟုတ် အပင်များ စသည့်ကုန်စည်များကို သွင်းကုန်ခွန် ကင်းလွတ်ခွင့် ပေးခြင်း၊ သုတေသနနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုများတွင် ရင်းနှီးမြှုပ်နှံပါက အခွန်လျှော့ ချပေး ခြင်းတို့လည်း ပါဝင်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်ပြီး ယခု နှစ်တွင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘတ် ဘီလီယံ ၆၀၀ရရှိရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံရင်းနှီး မြှုပ်နှံမှု  ဘုတ်အဖွဲ့၏  အတွင်းရေးမှူးချုပ်  Mrs.Hiranya  ကပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဘတ် ၅၈၀ ဘီလီယံဝင်ရောက်ခဲ့ရာ ၅၁ ရာခိုင်နှုန်း သို့မဟုတ် ဘတ်ဘီလီယံ ၂၉၀ သည် အစိုးရ ၏ ဦးစားပေးကဏ္ဍများတွင် ရင်း နှီးမြှုပ်နှံခြင်းဖြစ်ပါ သည်။ ယခုနှစ် အတွက် လုပ်ငန်းစီမံကိန်းလေးခုအတွက် ရင်းနှီးမြှုပ်နှံမှုဘတ် ၂၅ ဒသမ ၃ ဘီလီယံကို လက်ခံ အတည်ပြုထားပြီး ဖြစ်ပါသည်။
ထိုင်းအစိုးရ၏ ဦးစားပေးကဏ္ဍ ၁၀ ခုမှာNext generation cars, Smart electronics, Affluent, Medical and wellness tourism, Agriculture and biotechnology, Food, Robotics for industry, Logistics and aviation, Biofuels and biochemicals, Digital and Medical services စသည်တို့ဖြစ်ကြပါ သည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့