Main menu

Background

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ

Tue, 03/07/2017 - 12:47 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင် ခံစာကို အဂရီဝပ်ချ်က ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ယခုနှစ် အတွင်း ပဲမျိုးစုံထုတ်လုပ်မှု၊ ပြည်ပမှပဲမျိုးစုံ ကုန် သေတ္တာ တင်သွင်းမှုနှင့်ဈေးနှုန်း အခြေအနေတို့ကို ဖော်ပြထားသည်။
ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု
ကုလားပဲစိုက်ပျိုးသောဒေသများတွင် အပူ ရှိန် တဖြည်းဖြည်း မြင့်တက်လျက်ရှိသည့်အတွက်  အထူးသဖြင့်  နောက်ကျစိုက် ကုလားပဲသီးနှံများ၏ အထွက်နှုန်းကျဆင်းနိုင်မည်။ မဒ္ဒရာပရာဒေ့ရှ်နှင့် မဟာရသျှတ္တရာဒေသများတွင် အချို့သောဒေသ များ၌ သီးနှံပျက်စီးမှု သတင်းများရရှိထားသည်။ အကယ်၍ ရာသီဥတုက ဆက်လက် ပူပြင်းနေပါက ယခုနှစ် ကုလားပဲထုတ်လုပ်မှုကို ထိခိုက်နိုင်ဖွယ် ရှိပြီး မတ်လအလယ်လောက်တွင် အခြေအနေကို ပြတ်ပြတ်သားသား သိရှိနိုင်မည်။ ကာလတိုအတွင်း မှာ ပဲမျိုးစုံဈေးကွက် အခြေအနေက အားနည်းနေဆဲ ဖြစ်သည်။
ယခုနှစ်တွင် ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၂ သိန်း ထွက်ရှိမည်ဟု ခန့်မှန်းထား သည့်အတွက် နှစ်အလိုက် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရှိပါသည်။ စိုက်ဧရိယာမှာ ဟက်တာ ၁၆ ဒသမ ၅၀ သိန်းအထိ မြင့်မားခဲ့ပြီး ယခုအချိန်ထိ ရာသီဥတုအခြေအနေ ကလည်း ကောင်းမွန်နေသည့်အတွက် စိုက်ပျိုး ထုတ်လုပ်မှုမပာဏ မြင့်မားမည်ဟု ခန့်မှန်းရ သည်။ သီးနှံထွက်ရှိမှုအခြေအနေမှာ ယခုအချိန်ထိ ကောင်းမွန်လျက်ရှိပြီး ဘီဒီရှားနှင့် ရာဂျာ ဂတ်ဒေသရှိ ဈေးကွက်များအတွင်း ပဲနီလေးများ အနည်းငယ် စတင်ဝင်ရောက်လာပြီဖြစ်သည်။ ရာဂျာဂတ် ဈေးကွက် အတွင်းသို့ အိတ် ၃၅၀၀ ခန့်ဝင်ရောက်ထားပြီးဖြစ်သည်။
ပဲမျိုးစုံပြည်ပမှ တင်သွင်းမှု
၂၀၁၇ ခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်တွင် ကုန် ဆုံးသော ရက်သတ္တပတ်အတွင်း ချန်နိုင်းဆိပ် ကမ်းသို့ အိန္ဒိယတောင်ပိုင်းမှ သွင်းကုန်လုပ် ငန်းရှင်များက တင်သွင်းသော ပဲမျိုးစုံကုန်သေတ္တာ အရေအတွက်မှာ ၃၂ ဒသမ ၁ သန်းရှိသည်။ ယခုအရေအတွက်မှာ ယခင်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းကျဆင်း သည်။ ပြည် တွင်းပဲမျိုးစုံအထွက်နှုန်းမှာ မိုးရာသီကလည်း ကောင်းမွန်ခဲ့ သည့်အပြင် ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကလည်း ကောင်းမွန် မည်ဖြစ်သည့် အတွက် ပြည်ပမှ ပဲမျိုးစုံစီးဝင်မှုမှာ ကျဆင်းမည့် အနေအထားရှိနေသည်။ တင်သွင်းမှု အဓိကကျ ဆင်းသော သီးနှံမှာ ကုလားပဲဖြစ်ပြီး၊ ကုန်သေတ္တာ ၁၀၅ လုံး တင်သွင်း ရာမှ ၂၉ လုံးအထိ ကျဆင်း ခဲ့သည်။ ပဲနီလေးတင်သွင်းမှုမှာလည်း ကုန်သေတ္တာ ၃၉ လုံးမှ ၂၉ လုံးသို့ ကျဆင်းခဲ့သည်။ သို့သော် လည်း မတ်ပဲတင်သွင်းမှုမှာ ကုန်သေတ္တာ ၁၈၅ လုံးအထိရောက်ရှိပြီး ၁ ဒသမ ၀၉ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်။ ကျန်ကုန်သေတ္တာများမှာ အခြားပဲ များဖြစ်သည်။
ပဲဈေးနှုန်း
မွမ်ဘိုင်းတွင် ပဲစင်းငုံနီအဖွင့်ဈေးမှာ ဖေဖော် ဝါရီ ၂၇ ရက် က တစ်ကွင်တယ်ကို ရူပီး ၄၁၅၀ ရှိပြီး မက်ဒယာပရာဒေ့ရှ်မှ ပဲသစ်များ ကလည်း ဝင် ရောက်နေဆဲဖြစ်သည်။ မတ်ပဲ FAQဈေး မှာ အပြောင်းအလဲမရှိဘဲ တစ်ကွင်တယ်ကို ရူပီး ၅၂၅၀ နှုန်းရှိပြီး SQ က ရူပီး ၆၀၀၀ နှုန်းရှိသည်။ မွမ်ဘိုင်းဈေးကွက်တွင် ပြည်ပမှတင်သွင်းလာ သော ကုလားပဲဈေးက တစ်ကွင်တယ်ကို ရူပီး ၂၀၀  သည် ကျဆင်းပြီး အနိမ့် ရူပီး ၄၇၅၀ နှင့်အမြင့် ရူပီး ၄၈၀၀ နှုန်းရှိသည်။ ဤဈေးနှုန်းမှာ မတ်လတွင် တစ်ကွင်တယ်ကို အနိမ့် ၄၅၀၀ နှင့် အမြင့် ၄၆၀၀ နှုန်းအထိ ကျဆင်းလာနိုင်သည်။ ပဲစင်းငုံနီဈေးမှာ မန္ဒရာဆိပ်ကမ်းတွင် တစ်ကွင်တယ်ကို အမြင့် ၄၈၀၀ နှုန်းထိရှိသည်။
တန်ဇန်နီးယား ကုလားပဲဈေးမှာ တစ်ကွင် တယ်ကို အနိမ့် ရူပီး ၄၇၀၀ နှင့် အမြင့်ရူပီး ၄၇၅ နှုန်းရှိသည်။ ကနေဒါပဲနီလေးပေါက် ဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၄၁၀၀ နှုန်းရှိပြီး သြစတြေး လျ ပဲနီလေးဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၃၈၅၀ နှုန်းရှိသည်။ စိုက်ပျိုး ထုတ်လုပ်မှု အလားအလာ  ကိုမူတည်၍ ပဲနီလေးဈေးနှုန်း အတက်အကျ အပေါ်တွင် အကျိုးသက်ရောက်မှုရှိနိုင်သည်။
မြန်မာပဲစင်းငုံဈေးမှာ CIF အခြေခံအရ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၈၀ ရှိခဲ့ရာ ယခင်ရက်သတ္တပတ်နှင့်နှိုင်းယှဉ်ပါက တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာနှုန်းကျဆင်း သည်။ မတ်ပဲဈေးမှာ တစ်တန်ကို FAQ  က အမေ ရိကန်ဒေါ်လာ ၇၂၅ နှင့်SQ က တစ်တန်ကို အမေ ရိကန်ဒေါ်လာ ၈၃၀ နှုန်းရှိသည်။ ပဲစင်းငုံနှင့်မတ်ပဲ  FAQ  ဈေးမှာ ကျဆင်းလျက်ရှိနေသည်။ ပြည်တွင်း ဈေးကွက်တွင် ရောင်းလိုအားဘက်က မြင့်တက်ပြီး မြန်မာနိုင်ငံမှ ပဲအသစ်များလည်း ဝင်ရောက်လျက် ရှိနေသဖြင့် ယခုရက်သတ္တပတ်အတွင်း ပဲဈေး ဆက်လက်ကျဆင်းမည် လက္ခဏာကိုတွေ့မြင်နေ ရသည်။
ပဲနီလေးအသစ်ဈေးက ဘီဒီရှားတွင် တစ်ကွင် တယ်ကို ရူပီး ၃၆၅၀ နှင့် ရာဂျာဂတ်တွင် တစ်ကွင် တယ်ကို ရူပီး ၃၉၅၀ နှုန်းရှိခဲ့ သည်။ ပဲသစ်များဝင် ရောက်လျက်ရှိနေသည့်အတွက် မတ်လလယ်တွင် ပဲနီလေးဈေးက အနိမ့်ဆုံးထောက်ပံ့ကြေးဈေးနှုန်းအောက်ကို ကျဆင်းနိုင်ပါသည်။
ပြည်ပမှတင်သွင်းလာသော ပဲနီလေးကုန် သေတ္တာဈေးနှုန်းက မွမ်ဘိုင်းတွင် ရူပီး ၄၁၀၀ ဝန်းကျင်ရှိနေပြီး ပဲနီလေးအခြေအနေကို ခြုံငုံ တွက်ချက်ပါက ဈေးနှုန်းကျဆင်းလျက်ရှိသည်။ ဘီဟားနယ်တွင် ပဲနီလေးအသစ်များ မတ် ၁၅ ရက်နေ့တွင် စတင် ဝင်ရောက်မည်။
အပြည်ပြည်ဆိုင်ရာဈေးကွက်
မကြာသေးမီရက်များအတွင်းက ဈေးနှုန်း များ ကျဆင်းမည့် အလားအလာရှိနေသော်လည်း ၂၀၁၆-၁၇ ခုနှစ်အတွက် ပဲမျိုးစုံ ပျမ်းမျှ ဈေးနှုန်း များကို ကနေဒါနိုင်ငံက ပြန်လည် ပြင်ဆင် ခန့်မှန်း ခဲ့သည်။
ကနေဒါလယ်ယာစိုက်ပျိုးရေးနှင့် လယ် ယာအစားအစာ အေဂျင်စီ  (Agriculture and Agro Food Canada)  သည် ၂၀၁၇-၁၈ ခုနှစ် အတွက် စားတော်ပဲအထွက် တန်ချိန်ကို ၄၂ ဒသမ ၅ သိန်းရှိ မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၆-၁၇ ခုနှစ်ကထွက်ရှိခဲ့သော ပမာဏဖြစ်သည့် တန်ချိန် ၄၈ ဒသမ ၃၅ သိန်းအောက် တန်ချိန် ၆သိန်းခန့် ကျဆင်းခဲ့သည်။ သို့သော်လည်း ကုလားပဲနှင့် ပဲနီ လေး ထုတ်လုပ်မှုမှာ တန်ချိန် ၁၄ ဒသမ ၅၀ သိန်း နှင့် ၃၅ သိန်း အသီးသီးရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၆-၁၇ ခုနှစ်တွင် ကနေဒါနိုင်ငံက ပဲနီလေး တန်ချိန် ၃၂ ဒသမ ၄၈ သိန်းထုတ်လုပ်ခဲ့သည်။
၂၀၁၆-၁၇ ခုနှစ်အတွက် ကနေဒါ စား တော်ပဲ ထုတ်လုပ်မှုမှာ တန်ချိန် ၄၈ ဒသမ ၃၅ သိန်းရှိခဲ့သည့်အတွက် ၂၀၁၅-၁၆ ခုနှစ် ထုတ် လုပ်မှုဖြစ်သော တန်ချိန် ၃၂ ဒသမ ၀၁ သိန်းထက် ပိုမို ခဲ့သည်။ ယခုနှစ်အတွက် စားတော်ပဲ စုစုပေါင်း ဝယ်လိုအားမှာ တန်ချိန် ၄၁ ဒသမ ၆၀ သိန်းရှိ မည်ဟု ခန့်မှန်းထားရာ ယခင်နှစ် ဝယ်လိုအား ဖြစ်သော တန်ချိန် ၃၇ ဒသမ ၂၄ သိန်းထက်ကျော် လွန်ခဲ့သည်။
ကနေဒါပဲနီလေးထုတ်လုပ်မှုမှာ ၂၀၁၆-၁၇ ခုနှစ်တွင် တန်ချိန် ၃၂ ဒသမ ၄၈ သိန်းရှိမည်ဟု ခန့်မှန်းထားရာ ၂၀၁၅-၁၆ ခုနှစ်က ထုတ်လုပ်မှု ဖြစ်သော တန်ချိန် ၂၅ ဒသမ ၄၁ သိန်းထက် ပိုမိုထုတ်လုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ယခုနှစ် အတွက် စုစုပေါင်း ဝယ်လိုအားမှာ တန်ချိန် ၂၇ ဒသမ ၉၆ သိန်းရှိမည်ဟု ခန့်မှန်းထားရာ ယခင်နှစ် ဝယ်လိုအားဖြစ်သော တန်ချိန် ၈၈ ဒသမ ၄၉ သိန်းအောက်ကျဆင်းခဲ့သည်။