Main menu

Background

ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်ပြည်တွင်းရွှေဈေးများ လိုက်ပါကျဆင်း

Tue, 03/07/2017 - 14:59 -- journal_editor

ပြီးခဲ့သည့်ရက်သတ္တပတ်က ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ကျပ်ကိုး သိန်းကျော်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ပြန် လည်ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။
ယင်းကဲ့သို့ ကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရွှေဈေးများကျဆင်းလာသဖြင့်  ၎င်းင်း နှင့်ဆက်စပ်နေသည့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ဆိုသည်။
''ဒီတစ်ပတ်မှာ ရွှေဈေးကကျလာတယ်။ ကမ္ဘာ့ရွှေဈေးကျလာတော့ ပြည်တွင်း ရွှေဈေးလည်း ကျလာတာပေါ့။ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်မှာ မူတည်ပြီး ပြည်တွင်းရွှေဈေး အတက်အကျ ဖြစ်နေတဲ့အတွက် ဝယ်ရောင်း လုပ်တဲ့ေ နရာ မှာ ကမ္ဘာ့ရွှေဈေးကို စောင့်ကြည့်နေရတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ကမ္ဘာ့ရွှေ ဈေးက အတက်ကြမ်းသွားခဲ့လို့ ပြည်တွင်းရွှေဈေးမှာလည်း ကျပ်ကိုးသိန်းကျော် တဲ့အထိ မြင့်တက် သွားခဲ့တာပါ။ ရွှေဈေးမြင့် တက်ခဲ့ တာ ကြောင့် အရောင်းအဝယ် တွေ အေးသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ဈေးပြန်ကျလာတဲ့အတွက် ဈေးကွက် ထဲမှာ ပြန်ပြီး လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပါတယ်''ဟု ရွှေဈေးကွက်အတွင်း ရွှေဝယ် ရောင်းပြုလုပ်နေသူတစ်ဦးကဆိုသည်။ပြည်တွင်းရွှေဈေးကွက် တွင် ဖေဖော်ဝါရီ ၂၇ ရက်က အခေါက်ရွှေ တစ်ကျပ် သားလျှင်ကျပ် ၉၀၂၀၀၀ သို့ရောက်ရှိ ခဲ့သော်လည်း မတ် ၂ ရက်တွင် ကျပ် ၈၉၇၅၀၀ သို့ ကျဆင်းခဲ့ပြီး မတ် ၄ ရက်တွင် ကျပ် ၈၉၂၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဖေဖော်ဝါရီ ၂၇ ရက်က ၁၂၅၇ အမေ ရိကန်ဒေါ်လာရှိခဲ့ပြီး မတ် ၂ ရက်တွင် ၁၂၄၇ဒေါ်လာသို့လည်းကောင်း၊ မတ် ၄ ရက်တွင် ၁၂၃၅  ဒေါ်လာသို့လည်းကောင်း ကျဆင်းခဲ့သည်။       
မယ်သီတာ