Main menu

Background

အမေရိကန်ပြည်ထောင်စုရှိနုန်းကျောက်မှ ရေနံထုတ်လုပ်သူတို့က အိုပက်အတွက် စိန်ခေါ်မှုဖြစ်နေ

Wed, 03/08/2017 - 13:11 -- journal_editor

နုန်းကျောက်မှ ရေနံထုတ်လုပ်မှု တိုးတက်လာခြင်းနှင့်မက္ကဆီကို ပင်လယ်ကွေ့ကမ်းလွန်မှ ရေနံထုတ်လုပ်မှုမြင့်တက်လာသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ ရေနံစိမ်းထုတ်လုပ်မှုမှာ မြင့်တက်လာ ကြောင်း ဟယ်လင် နစ်ရှစ်ပင်း နယူးစ်သတင်းတွင် ဖော်ပြသည်။အမေရိကန်ပြည်ထောင်စု၏ ပျမ်းမျှရေနံစိမ်းထုတ်လုပ်မှုမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရရှိထားသောစာရင်းအရ ရက်သတ္တလေးပတ် အတွင်း တစ်ရက်လျှင် စည်ကိုးသန်းနီးပါး အထိ ရောက်ရှိခဲ့ကြောင်း စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်မှုအဖွဲ့(Energy Information Administration) ) က ထုတ်ပြန်သော ရက်သတ္တပတ်အစီရင်ခံစာတွင် ဖော်ပြသည်။ စက်တင်ဘာလအတွင်းက တစ်ရက်လျှင် စည် ၈ ဒသမ ၅ သန်းအထိ ထုတ်လုပ်မှု ကျဆင်းပြီးနောက်ပိုင်းပြန်လည် မြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။
ရေနံထုတ်လုပ်မှု  မြင့်တက်လာသဖြင့် အမေရိကန် ပြည်ထောင်စု ၏ ရေနံစိမ်းတင်ပို့မှုနှင့် ပြည်တွင်းသိုလှောင်မှု ဆက်လက် မြင့်တက် လာမည့်သဘောကို ပြသလျက်ရှိသည်။ လွန်ခဲ့သော ရက်သတ္တလေးပတ် အတွင်း အမေရိ ကန်ပြည်ထောင်စု၏ ရေနံတင်ပို့မှုမှာ တစ်ရက်လျှင် ပျမ်းမျှစည် ကိုးသိန်းအထိရှိခဲ့ရာ စက်တင်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တစ်ရက်လျှင် စည်ငါးသိန်းခန့် မြင့်တက်ခဲ့သည်။
အိုပက်အဖွဲ့နှင့် အိုပက်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် ရေနံထုတ်လုပ်မှုကို လျှော့ချ ရန် သဘောတူညီခဲ့ကြသည်။ ထိုကဲ့သို့  သဘောတူညီမှုကြောင့် ရေနံ စိမ်းတစ်စည်လျှင် အမေရိ ကန်တစ်ဒေါ်လာ ၅၀ အထက်သို့ ရောက်ရှိ စေခဲ့သည်။
နုန်းကျောက်မှ ရေနံထုတ်လုပ်ပါက ကုန်ကျစရိတ် အရင်းမှာ အမေရိကန် ဒေါ်လာ ၅၀ အောက်တွင်ရှိကြောင်း ရေနံစိမ်းဈေးမှာ အမေရိကန်ဒေါ်လာ ၅၀ နှင့် ၆၀ ကြားတွင်ရှိပါက ဆက်လက် ထုတ် လုပ်မည်ဖြစ်ကြောင်း အမေရိ န် ရေနံရှာဖွေထုတ်လုပ်ရေး ကုမ္ပဏီ များက ပြောသည်။
နုန်းကျောက်မှ ရေနံထုတ်လုပ်မှုပြန်လည်စတင်လာခြင်းသည် ရေနံဈေးကွက် ဝေစုကိုကာကွယ်ရင်း ကမ္ဘာ့ရေနံဈေးကွက်ကို ချိန်သား ကိုက်ညီအောင်  ဆောင်ရွက်နေသော အိုပက်အဖွဲ့၏  ကြိုးပမ်းမှုကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိသည်။
နောက်ဆုံးတွင် အိုပက်အဖွဲ့သည် ဈေးကွက်ဝေစုကို စွန့်လွှတ်ပြီး ဈေးနှုန်းကို ထိန်းထားမည်လား။ ဈေးကွက်ဝေစုကို ကာကွယ်ပြီး ဈေး နှုန်းကို စွန့်လွှတ်မည်လားဟူသော မေးခွန်းအကျပ်အတည်းများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။