Main menu

Background

အိန္ဒိယပဲရက်သတ္တပတ်

Wed, 03/15/2017 - 14:10 -- journal_editor

မတ် ၆ ရက်က ထုတ်ပြန်ခဲ့သော အဂရီဝပ်ချ် ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင်ခံစာတွင် ပဲမျိုးစုံ နှင့်ပတ်သတ်သော သတင်းများကို ဖော်ပြထားရာ ပဲမျိုးစုံ ကုန်သေတ္တာတင်သွင်းမှု အခြေအနေနှင့် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ ကြို တင်ခန့်မှန်းချက် စသည့် အချက်အလက်များကို  ဖော်ပြရာတွင် ယခင်ရက်သတ္တပတ်က   ဖော်ပြခဲ့ သည့်အတိုင်း ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ရရှိ ထားသော သတင်းအချက်အလက်များကိုသာ ဆက် လက်ဖော်ပြ ထားသည်။ ယခုရက်သတ္တပတ် တွင် ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဈေးနှုန်း အခြေအနေတို့ကိုမူ အောက်ပါအတိုင်း တွေ့ရှိရသည်။

ပဲမျိုးစုံထုတ်လုပ်မှု
ရာဂျက်စသန်၊ ဂူဂျာရတ်နှင့် မဒ္ဒယာပရာ ဒေ့ရှ် ဒေသတို့တွင် အပူချိန်က အမြင့်ဆုံးအဆင့် နီးပါးသို့  ရောက်ရှိနေသည့်အတွက် ဆောင်းစိုက် သီးနှံအထွက်နှုန်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလျက်ရှိသည်။ နှင်းမုန်တိုင်းများ ကျဆင်း မှုကြောင့် ဘီကာနာဒေသတွင် ကုလားပဲအထွက် ကျဆင်းခဲ့ကြောင်း အစီရင်ခံစာများအရ သိရ သည်။ သို့ဖြစ်ရာ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲနီလေးအထွက်နှုန်းများ ကျဆင်းလာနိုင်ဖွယ်ရှိ နေသည်။ ကုလားပဲထုတ်လုပ်မှုကို  ကြည့်ပါက  ယခင်က ကုလားပဲ ထုတ်လုပ်မှုကို တန်ချိန် သိန်း ၉၀ ရှိမည်ဟု ခန့်မှန်းထားရာမှ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း ထပ်မံကျဆင်းနိုင်ဖွယ်ရှိကြောင်း ပြင် ဆင် ခန့်မှန်းထားသည်။ ပဲထုတ်လုပ်မှု အခြေ အနေများကို အဂရီဝပ်ချ်က   မတ်လအကုန် လောက်တွင် ပြန်လည်ပြင်ဆင်ခန့်မှန်းချက် ထုတ် ပြန်ရန် စီစဉ်ထားသည်။
ပဲနီလေး ထုတ်လုပ်မှုမှာ ယခုနှစ်တွင် တန် ချိန် ၁၂ သိန်းရှိမည်ဖြစ်ရာ ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု ခန့် မှန်းသည်။ ယခု အချိန်အထိ သီးနှံအခြေအနေများ ကောင်းမွန်လျက်ရှိပြီး ဘီဒီရှားနှင့် ရာဂျာဂတ် ဒေသများသို့ ပဲများအနည်းငယ် စတင်ဝင်ရောက် လျက်ရှိသည်။ ရာဂျာဂတ်ဒေသသို့ ပဲအိတ် ၅၀၀၀ ဝန်းကျင် ဝင်ရောက်လျက်ရှိပြီး ဘီဟာဒေသသို့ မတ် ၁၅ ရက်တွင် သီးနှံများ စတင်ဝင်ရောက် မည်ဟု ခန့်မှန်းရသည်။

ပဲမျိုးစုံဈေးနှုန်း
မတ် ၆ ရက်တွင် မွမ်ဘိုင်းဈေးကွက်ရှိ ပဲစင်းငုံနီ ဈေးမှာ တစ်ကွင်တယ်ကို  ရူပီး ၄၁၅၀ ရှိရာ ယခင်နေ့ ဈေးပိတ်ချိန်က ဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချ လျက်ရှိသည်ကို တွေ့ရ သည်။ ပဲစင်းငုံနီဈေးမှာ ဆက် လက်မြင့် တက် မည့် အလားအလာကို မတွေ့ရပေ။ မတ်ပဲ ၤဗျှ ဈေး မှာ တစ်ကွင်တယ်ကို ရူပီး ၅၅၅၀ နှင့် ျှ ဈေးမှာ တစ်ကွင်တယ်ကို  ရူပီး ၆၃၅၀ နှုန်း တိုးမြင့်တက် ခဲ့သည်။ ပြည်ပမှ တင်သွင်းလာသော ကုလားပဲ ဈေးမှာ မွမ်ဘိုင်းဈေးကွက်တွင်  ရူပီး ၅၀ မြင့် တက်ကာ တစ်ကွင်တယ်ကို ရူပီး ၅၀၀၀ နှုန်း ရှိခဲ့ သည်။ သို့သော် ဤပဲများမှာလည်း ဆက်လက်မြင့် တက်မည့် အလားအလာကို မတွေ့ရဘဲ မတ်လ လယ်လောက်တွင် ရူပီး ၄၆၀၀ အထိ ရောက်ရှိလိမ့် မည်ဟု ခန့်မှန်းရသည်။ တန်ဇန်နီးယားမှ တင် သွင်းလာသော မတ်ပဲမှာ တစ်ကွင်တယ်ကို ၅၀၇၅  ရူပီးနှုန်းရှိသည်။ ကနေဒါနိုင်ငံမှ တင်သွင်းလာ သော စားတော်ပဲမှာ တစ်ကွင်တယ်ကို ရူပီး ၃၈၀၀ ရှိပြီး သြစတြေးလျပဲနီလေးက တစ်ကွင်တယ်ကို ရူပီး ၄၀၀၀ နှုန်းရှိသည်။ ပဲနီလေး ထုတ်လုပ်မှု မြင့်တက်မည့် အလားအလာများကြောင့် ပဲနီလေး ဈေးနှုန်းအပေါ်တွင်  ဂယက်ရိုက်ခတ်မှု ရှိနိုင် သည်။ အလားတူပင်  ပဲဈေးကွက်တွင် ပဲစင်းငုံ ဈေးနှုန်း၏ အလားအလာမှာ အားနည်းနေဆဲဖြစ် သည်။
မြန်မာနိုင်ငံမှ တင်သွင်းသော ပဲစင်းငုံ၏ ဃှုၤ ဈေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၅ ရှိ သည့်အတွက် ယခင်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂၀ မြင့်တက်လာသည်ကို တွေ့ရသည်။ မတ်ပဲ  ၤဗျှ ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၈၀၊ ျှ ဈေးမှာ တစ် တန်ကို အမေရိကန်ဒေါ်လာ ၉၂၀   ရှိသည်။ မြန်မာ ပဲစင်းငုံနှင့် မတ်ပဲ ဃြၤ ဈေးနှုန်းမှာ မြင့် တက်လျက်ရှိသော်လည်း  ပဲအကောင်းစားများ၏ ဝယ်လိုအားမှာ ကျဆင်း လျက်ရှိ သည်။ မြန်မာ နိုင်ငံမှ တင်သွင်းသော ပဲများ၏ ဃြၤ ဈေးမှာ လာမည့်လများတွင် ပုံမှန်အတိုင်း ရှိနေမည်ဟု ခန့်မှန်းရသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား ကျ ဆင်းမှုကြောင့်  ပဲဈေးနှုန်း  ထပ်မံမြင့်တက်မည့် အလားအလာကို ကျဆင်းစေနိုင်သည်။
ယခင်ရက်သတ္တပတ်က ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ပုံမှန်ဈေးကွက်ဝယ်လို အားကြောင့် မြင့်တက်လာခြင်း  မဟုတ်သည့် အတွက်  ပဲဈေးနှုန်း အခြေအနေများက လက်ရှိ အဆင့်မှ ကျဆင်းလာလိမ့်မည်ဟု အဂရီဝပ်ချ်က ခန့်မှန်းထားသည်။  ဈေးကွက်အတွင်းသို့ ပဲမျိုးစုံ ဝင်ရောက်မှုပမာဏ အကန့်အသတ် ရှိနေသေး သည်ကို အကြောင်းပြုပြီး အဖွင့်ဈေးများ မြင့် တက်နေခြင်းဖြစ်ကြောင်း အဂရီဝပ်ချ်က သုံးသပ် ထားသည်။ အမှန်စင်စစ် ဝယ်လို အားကျဆင်းနေမှု ကြောင့်  ဈေးနှုန်းများ ကျဆင်းမည့်အခြေအနေ ရှိ နေကြောင်း ခန့်မှန်းထားသည်။ မတ်လအကုန် တွင် ဈေးနှုန်းများ တည်ငြိမ်သွားပြီး အရောင်း အဝယ်များ ပုံမှန်ပြန်ဖြစ်သွားနိုင်သည်။ ဈေးနှုန်း များသည် ဧပြီ အထိ ဆက်လက်တည်ငြိမ်နေမည်ဟု ခန့်မှန်းထားရာ  လက်ရှိအခြေအနေတွင် အလုံး အရင်းဖြင့် မဝယ်သင့်သေးကြောင်း သုံးသပ်ထား သည်။