Main menu

Background

ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်ထူထောင်ရာတွင် ဗီယက်နမ်အက်စ်အမ်အီးတို့ အထောက်အပံ့လိုအပ်

Wed, 04/26/2017 - 15:03 -- journal_editor

       ဗီယက်နမ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ငွေအရင်းအနှီး၊ စီမံခန့် ခွဲမှု၊ နည်းပညာနှင့် ကုန်အမှတ်တံဆိပ် ထူထောင် ရေးတို့ကို ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိနေသည့်အတွက် ကမ္ဘာ့ဈေး ကွက်ကြီးနှင့် ပေါင်းစည်းရန် ဆောင်ရွက်သည့်အခါ  ဗီယက်နမ်ရှိ အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) အတွက် ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ဗီယက်နမ်လက်လီရောင်းချသူ များအသင်း (Vietnam  Retailars Association -VRA) က ပြောသည်။
        အက်စ်အမ်အီးများသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွင် အများဆုံးပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် အရင်းအမြစ်၊သုတေ သနနှင့်ဖွံ့ဖြိုးမှုစသည့် နယ်ပယ်စုံတွင် အလူးအလဲ ရုန်းကန်နေရကြောင်း ဧပြီ ၂၀ ရက်က ဟိုချီမင်းစီးတီးတွင် 'Brand Story' အမည်ဖြင့် ကျင်းပသော နှီးနှောဖလှယ်ပွဲတွင် VRA ဥက္ကဋ္ဌ ဒင်သီမိုင်လုန်းက ပြောကြောင်း ဗီယက်နမ်နယူးစ်တွင် ဖော်ပြသည်။ ကုန်ကျစရိတ်မြင့်မားခြင်း၊ သုတေသနလုပ် ငန်းများ ဆောင်ရွက်နိုင်မှု  မရှိခြင်းနှင့် လက်လီ ရောင်းချရေး လုပ်ငန်းရှင်များ၊ကုန်ပစ္စည်းဖြန့်ဖြူးသူများနှင့် ဆက်သွယ်ရာတွင် အခက်အခဲရှိခြင်း တို့ကြောင့် အက်စ်အမ်အီးလုပ်ငန်းများမှာ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း ကောင်း၊ အရောင်းအဝယ် လုပ်ငန်းများ ဆောင် ရွက်ရာတွင် လည်းကောင်း၊ စွမ်းဆောင်ရည်ကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သူမက ပြောသည်။ ကုမ္ပဏီများ အထူးသဖြင့် အက်စ်အမ်အီးများအတွက် ကုန်အမှတ် တံ ဆိပ် ထူထောင်ရေးမှာ အရေးပါကြောင်းနှင့် ဗီယက်နမ် အက်စ်အမ်အီး များမှာ ကုန်အမှတ်တံဆိပ် ထူထောင်ရာတွင် ခက် ခဲပင်ပန်းစွာ ရုန်းကန်နေရကြောင်းလည်း ထပ် လောင်းပြောကြားသည်။
       သူ၏ ကုမ္ပဏီမှထုတ်လုပ်သော ကော်ဖီကို သမားရိုးကျ လမ်းကြောင်းမှ ဖြန့်ဖြူးရာတွင် ကောင်းမွန်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ ခေတ်မီ လမ်းကြောင်းများမှ ဖြန့်ဖြူးရာတွင်မူ အရည် အသွေး၊ ထုပ်ပိုးမှုနှင့် လက်လီရောင်းချရေး လုပ် ငန်းများအတွက် အခြားလိုအပ်ချက်များကို ဖြည့် ဆည်းရာတွင်မူ အခက်အခဲရှိသဖြင့် ပြဿနာ များနှင့်ရင်ဆိုင်ခဲ့ရကြောင်း လောင်ထရီယူ ကော်ဖီ ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်  ငုယင်ဇွမ်တွန်က သူ့အတွေ့အကြုံကို ပြောပြ သည်။ အလားတူ အခက်အခဲများကြောင့် စူပါမားကက်များတွင် သူ၏ထုတ်ကုန်များကို ရောင်းချရာ၌ အခက်အခဲရှိကြောင်း ဟွန်ထိုင်းလက်ဖက်ခြောက်ကုမ္ပဏီမှ ညွှန်ကြားရေးမှူး ဒိုမန်းကွန်က ပြောသည်။ လက်လီရောင်းချရေးေ ဈးကွက် အတွင်း ဝင် နိုင်စေရန်၊ စီမံခန့်ခွဲမှု အရည်အသွေး ပြည့်ဝစေရန် နှင့် ထုတ်ကုန်ဖွံ့ဖြိုးရေး တိုးတက်စေရန် အရည်အသွေးရှိသော အက်စ်အမ်အီးများအား သင်တန်းများပေးလျက်ရှိကြောင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲ ရာ တွင် လည်းကောင်း၊ ကုန်အမှတ် ထူထောင်ရေးနှင့် အရင်းအမြစ်များ စီမံခန့်ခွဲရေးလုပ်ငန်း များဆောင်ရွက်ရာတွင်လည်းကောင်း၊ အထောက်အပံ့များ ပေးလျက်ရှိကြောင်း Big C ကုမ္ပဏီ၏ အက်စ်အမ်အီးထောက်ပံ့ရေးနှင့် ဖွံ့ဖြိုး ရေးဌာနခွဲ  ညွှန်ကြားရေးမှူး လေသန်းထရန်က ပြောသည်။ ပြိုင်ဆိုင်မှု ပြင်းထန်လျက်ရှိသော ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် အက်စ်အမ် အီးများက ကုန်အမှတ်တံဆိပ်ထူထောင်ရာတွင် ကုန်ပစ္စည်းဖြန့်ဖြူးသူများ၊  အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းအုပ်စုများ၏  ထောက်ပံ့မှုလို ကြောင်း VRAဥက္ကဋ္ဌက ပြောသည်။

 

ဉာဏ်တင်