Main menu

Background

အသုံးပြုပြီး စားသုံးဆီမှ ထုတ်လုပ်သော ဇီ၀ လောင်စာဆီဖြင့် စင်ကာပူ အဲလိုင်းက လေယာဉ်ခရီးစဉ်များ စတင်ပျံသန်း

Thu, 05/11/2017 - 14:21 -- journal_editor

      စင်ကာပူအဲလိုင်း(Singapore  Airlines _SIA)  က အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှုတွင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုအစီအစဉ် အရ  လေကြောင်းလိုင်း၏ ခရီးစဉ် ၁၂ ခုအနက် အချို့ကို ဇီဝလောင်စာဆီ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အမျိုး သားလေကြောင်းလိုင်း၏ မေ ၃ ရက်က ကြေညာချက်ကို တူဒေးဝက်ဘ်ဆိုက် သတင်းတွင် ဖော်ပြသည်။ခရီးစဉ် ၁၂ ခု အနက် ခရီးစဉ် တစ်ခုဖြစ်သောSQ 31 သည် မေ ၂ ရက်က စင်ကာပူနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ လေ ကြောင်းခရီးစဉ်တွင် ခရီးသည် ၂၀၆ ဦး ပါဝင်ပြီး ဇီဝလောင်စာဆီကို ၁၇ နာရီ ကြာ အသုံးပြု၍ ဆန်ဖရန်စစ္စကိုမှ စင်ကာပူသို့ တောက်လျှောက် ပျံသန်းခဲ့ ခြင်းဖြစ်သည်။ ကျန်ခရီးစဉ် ၁၁ ခုကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် f ]Green Package}' အဖြစ် ပျံသန်းမည် ဖြစ်ပြီး လောင်စာဆီစား သက်သာသော Airbus A 350-900  တို့ကို အသုံးပြုပြီး ဆန်ဖရန်စစ္စကိုမှ စင်ကာပူသို့ လုံးဝရပ်နားခြင်းမရှိဘဲ တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်းSIA နှင့် စင်ကာပူမြို့ပြလေကြောင်း အာဏာ ပိုင်အဖွဲ့  (CAAS)  တို့၏ ပူးတွဲကြေညာ ချက်တွင် ဖော်ပြသည်။
ဇီဝလောင်စာဆီကို ထုတ်လုပ် ရာတွင် အသုံးပြုပြီးသော စားသုံးဆီ ကို အသုံးပြု ထုတ်လုပ်မည်ဖြစ်သည်။SIA  က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ခရီးစဉ်များကို ဆောင်ရွက်ရာတွင် ဇီဝလောင်စာဆီရော၊ သမားရိုးကျ ဂျက် လောင်စာဆီပါ နှစ်ခုစလုံးကို အသုံးပြု သည်။
သို့သော် နှစ်မျိုးရောစပ်သည့် အချိုးအစားကို လေကြောင်းလိုင်းက အတိအကျ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။SIA  ၏အဆိုအရSQ3I  သည် ဇီဝလောင်စာဆီနှင့် သမားရိုးကျ  လောင်စာဆီနှစ်မျိုးသုံးပြီး ပျံသန်းရာ၌  ကမ္ဘာပေါ်တွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။ အစီအစဉ်ကို  ဆောင်ရွက် ရာတွင် CAAS က အထောက်အကူ ပေးပြီး ဆီစားသက်သာသော လေယာဉ် များကို အသုံးပြုထားကြောင်း သိရ သည်။