Main menu

Background

ထိုင်းနိုင်ငံရှိKing Power ကုမ္ပဏီက ရှေ့လာမည့်ငါးနှစ်အတွင်း ဘတ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

Thu, 05/11/2017 - 15:14 -- journal_editor

ထိုင်းနိုင်ငံရှိ King Power ကုမ္ပဏီသည် ၎င်းင်း၏ စီးပွားရေးလုပ်ငန်းကို တိုးချဲ့ရန်အတွက် ရှေ့လာမည့် ငါး နှစ်အတွင်း ဘတ် ၁၀ ဘီလီယံကို ရင်းနှီး မြှုပ်နှံရန်လျာထားပြီး လက်လီအရောင်းဆိုင်လုပ်ငန်း လုပ်ကိုင်သည့် ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီးငါးခုစာရင်းတွင် ပါဝင်လာစေရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။
King Power ကုမ္ပဏီသည် ပြည်တွင်းနှင့်  ပြည်ပ၌ ီကအပ ၤမနန ှ့သစ အရောင်းဆိုင်ငါးဆိုင်ကို တိုးချဲ့ဖွင့်လှစ် မည်ဖြစ်ရာ  ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း အရောင်းဆိုင် ၁၄ ဆိုင်ထိ တိုးတက်လာမည်ဖြစ်သည်။ ပြည်တွင်း၌ ီကအပ ၤမနန  ှ့သစ အရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ရာ၌  နိုင်ငံတကာခရီးသွား အများ အပြားလည်ပတ်သည့် နေရာများ၌ အဓိကဖွင့်လှစ်မည်ဖြစ်ပြီး  အရှေ့ပိုင်း စီးပွားရေးစြင်္ကံတွင်ရှိသော အူးတဖောင်လေဆိပ်တွင်လည်း ဖွင့်လှစ်မည်ဖြစ်ပါ သည်။
ထို့နောက်  အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံရှိ လေဆိပ်များတွင်လည်း ီကအပ ၤမနန ှ့သစ ဆိုင်များကို ဖွင့်လှစ် နိုင်ရန် လေ့လာမှုများ ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီအနေဖြင့် မြန်မာ နိုင်ငံ၏ နိုင်ငံခြားသားပိုင်ဆိုင်မှုဆိုင်ရာပြဋ္ဌာန်းချက်နှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ^ နည်းဥပဒေများကို စောင့်ကြည့်နေဆဲဖြစ်၍ ဖိလစ်ပိုင်နိုင်ငံတွင် ဦးစားပေးဖွင့် လှစ်ရန် စီစဉ်ထားပါသည်။
King Power   သည် ကမ္ဘာ့Duty Free Shop လုပ်ငန်းတွင် ထိပ်တန်း ကုမ္ပဏီငါးခုတွင် ငါးနှစ်အတွင်း ဝင်ရောက်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းနှင့်ပြည်ပ တွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ငါးနှစ် အတွင်း စုစုပေါင်းအရောင်း တန်ဖိုး ထိုင်းဘတ် ၁၄၀ ခန့်ရရှိ၍ ၂၀ ရာခိုင်နှုန်း တိုးတက်မှုရရှိရန် မျှော်မှန်းထားကြောင်း၊ ၂၀၁၆ ခုနှစ်တွင် King Power ၏ စုစုပေါင်းအရောင်းတန်ဖိုး သည် ဘတ် ၇၅ ဘီလီယံရရှိခဲ့သဖြင့် မျှော်မှန်းထား သည်ထက် ဘတ် ၁၁ ဘီလီယံ လျော့နည်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရောင်းအား ကျဆင်းခဲ့ခြင်းမှာ ထိုင်းအစိုးရသည် တရုတ်ခရီးသွားများနှင့် ဆက်စပ်လျက်ရှိသည့် အရည်အသွေးညံ့ zero-dollar-tour ခရီးစဉ်များကို အရေးယူခဲ့သောကြောင့်ဖြစ်ကြောင်း၊  ပြည်တွင်းခရီးသွားများ အပါအဝင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ   ခရီးသွားများ၏  ဝယ်ယူမှုပမာဏသည် စုစုပေါင်း အရောင်းတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းရှိပါသည်။ ယခုနှစ်တွင် တရုတ် ခရီးသွားများ ပိုမိုလာရောက်မည်ဟု ခန့်မှန်းထားပြီး ယခုနှစ်အတွင်း စုစုပေါင်း အရောင်းတန်ဖိုး ဘတ် ၉၂ ဘီလီယံရရှိ၍ ယမန်နှစ်ထက် ၂၀ ရာခိုင်နှုန်း တိုးမြှင့် ခန့်မှန်းထားပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့