Main menu

Background

အိန္ဒိယဗဟိုဘဏ်က အဓိကအတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်လက်ထားရှိ

Wed, 06/14/2017 - 10:01 -- journal_editor

        အိန္ဒိယဗဟိုဘဏ်က ငွေကြေး ဖောင်းပွမှုနှုန်းကို  လျှော့ချခန့်မှန်းပြီး ဗဟိုဘဏ်၏ ရည်ညွှန်း အတိုးနှုန်းကို  ၆ ဒသမ ၂၅ နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးသော အတိုးနှုန်းကိုလည်း ခြောက်နှစ်ခွဲအတွင်း အနိမ့်ဆုံးနှုန်းအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ရာ ထိုဆုံး ဖြတ်ချက်မှာ ငွေကြေးမူဝါဒကော်မတီ အစည်းအဝေး မတိုင် မီ ရိုက်တာသတင်း ဌာနက လေ့လာဆန်းစစ်ရေးမှူး ၆၀ ဦး ၏ သဘောထားကို စစ်တမ်းကောက်ယူ ခဲ့ရာ ၅၆ ဦး၏ သဘောထားနှင့်ကိုက်ညီ မှုရှိသည်ကို တွေ့ရသည်။
      ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ် ရေးဘဏ်များသို့ ထုတ်ချေးသောအတိုး နှုန်းကိုလည်း မူလသတ်မှတ်သော ခြောက်ရာခိုင်နှုန်းအတိုင်း ဆက်လက်ထားရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘဏ်များ က အရန်ထားရှိမည့် ငွေဖြစ် လွယ်မှု အချိုးကို  သုည ဒသမ ၅၀ ရာခိုင်နှုန်း လျှော့ချပြီး  ဇွန် ၂၄ ရက်နေ့မှစ၍ ၂၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ငွေကြေးမူဝါဒကော် မတီက မဲခွဲဆုံးဖြတ်ရာတွင် ငါးမဲ တစ်မဲ ဖြင့်ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ရာ ယခင်နှစ်  စက်တင်ဘာက ငွေကြေး  မူဝါဒကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း ကျင်းပသော အစည်းအဝေးငါးကြိမ် အနက် ပထမဆုံးအကြိမ် သဘောထား ကွဲလွဲမှုဖြစ်သည်။

 

ဉာဏ်တင်