Main menu

Background

ဆန်တင်သွင်းသောနိုင်ငံများ၏ ဝယ်လိုအားမြင့်တက်မှုကြောင့် လေးနှစ်အတွင်း ထိုင်းဆန်ဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိ

Thu, 06/15/2017 - 10:12 -- journal_editor

         ဆန်အဓိကတင်သွင်းသော နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်းဆန် ဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိပြီး ဗီယက်နမ်ဆန်ဈေးမှာလည်း နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိ ခဲ့ကြောင်း ဇွန် ၈ ရက် တွင် ကုန်သည်များက ပြောကြားခဲ့သည်ကို ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုင်းငါးမှတ်ဆန်၏  အခြေခံစံထားဈေး နှုန်းမှာ ဗန်ကောက်အက်ဖ်အိုဘီဈေးနှုန်းအရ တစ်တန်ကို  အမေရိကန်ဒေါ်လာ  ၄၄၀ မှ ၄၅၇ အကြားရှိခဲ့ရာ ယခင်ရက်သတ္တပတ်က ရှိခဲ့သော ဈေးနှုန်းဖြစ်သည့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၃၀ မှ မြင့်တက် လာခြင်းဖြစ်သည်။
       ထိုင်းဆန်ဈေးနှုန်းများမှာ  ကုန်သည်များ စတင်တင်ပို့သော  မတ်မှစ၍ မှန်မှန်မြင့်တက်လာခဲ့ရာ ၂၀၁၃ ခုနှစ် သြဂုတ်နောက်ပိုင်းတစ်ကြိမ်မှ မရောက်ဘူးသေးသော အခြေအနေသို့ ရောက်ရှိ ခဲ့သည်။ "သင်္ဘောတွေက  ဝင် လာနေဆဲ  ဖြစ်ပါ တယ်။ ပို့ကုန်လုပ်ငန်းတွေကလည်း သင်္ဘောတင် ပို့နိုင်ဖို့အတွက် ဆန်များကို ဝယ်ယူနေကြပါတယ်"ဟု ဗန်ကောက်ရှိ ကုန်သည်တစ်ဦးကပြောသည်။ ယခုအခါပို့ကုန်လုပ်ငန်းများက စာချုပ်ချုပ် ဆိုစဉ်ကာလက ပေါက်ဈေးထက် ဈေးများစွာ ပိုပေးပြီး ဆန်များကို  ဝယ်ယူလျက်ရှိနေသဖြင့် အချို့ကုန်သည်များက စာချုပ်သစ်များချုပ်ဆိုရန် လက်ရှောင်လျက်ရှိကြောင်း သူကပြောသည်။ ယခုနှစ်ယခုအချိန်အထိ  ထိုင်းအစိုးရက ဆန်တန်ချိန် ၅ ဒသမ ၀၉ သန်း ဝယ်ယူခဲ့ရာ ယခင် နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၇ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း ဇွန် ၇ ရက်တွင် အစိုးရကထုတ်ပြန်သည်။ ဗီယက်နမ်ငါးမှတ်ဆန်မှာ ဆိုင်ဂုံအက်ဖ်အို ဘီဈေးအရ တစ်တန်ကို အေ မရိကန်ဒေါ်လာ ၃၉၅ ဒသမ ၄၀၀ အထိ ရောက်ရှိခဲ့ရာ ယခင်ရက် သတ္တပတ်ကရှိခဲ့သော တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၀၀ မှ မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာနောက်ပိုင်းအမြင့်ဆုံးဈေး နှုန်းဖြစ်သည်။ ယခုနှ စ်တွင် ဆန်အဓိက တင်သွင်းသော နိုင်ငံများမှ ဝယ်လိုအား မြင့်တက်လာသည့်အတွက် ကမ္ဘာတွင် ဒုတိယနှင့်တတိယအများဆုံး ဆန်တင်ပို့နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက် ဖွယ်ရှိ ကြောင်း ကုန်သည်များက ပြောသည်။
          ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရန်ဆန်သိုလှောင် လက်ကျန်မှာ ၁၀ နှစ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိပြီး ရေလွှမ်းမိုးမှုကြောင့် ဆန်ထုတ်လုပ်မှု လျော့ ကျခဲ့သဖြင့် ပြည်တွင်းဆန်ဈေးများ စံချိန်တင်မြင့်တက်မှုကို ထိန်းချုပ်ရန် ကြိုး ပမ်းလျက်ရှိသည်။ သို့ဖြစ်ရာ အစိုးရအချင်းချင်းချုပ်ဆိုသော စာချုပ် အရ ဗီယက်နမ်ဆန်တန်ချိန် နှစ်သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက တင်သွင်းမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၁၇ ခုနှစ် အကုန်အထိ ဗီယက်နမ်နိုင်ငံမှ  ဆန်တန်ချိန်ငါး သိန်းကို တင်သွင်းရန်နှင့် ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် ဗီယက်နမ် ဆန်တန်ချိန်တစ်သန်းဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အလားတူ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ဆွေးနွေးလျက်ရှိသည်။ ဖိလစ်ပိုင်နို င်ငံကလည်း ထိုင်း၊ ဗီယက်နမ် နှင့် အိန္ဒိယနိုင်ငံတို့က ဆန်တန်ချိန် နှစ်သိန်းခွဲတင်သွင်းရန် လာမည့်လတွင် တင်ဒါခေါ်ယူမည် ဖြစ်ကြောင်း ပြောကြားသည်။ ပြည်ပမှဝယ်လိုအားမြင့်တက်မှုကြောင့် ကမ္ဘာတွင်ဆန်အများဆုံး တင် ပို့သော အိန္ဒိယ နိုင်ငံတွင် ပေါင်းဆန်ငါးမှတ် ဆန်ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ နှစ် ဒေါ်လာမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၄၁၅ မှ ၄၁၈ အထိရောက်ရှိခဲ့သည်။

 

ဉာဏ်တင်