Main menu

Background

ခြံမွေးတိရစ္ဆာန်ထွက်ပစ္စည်းများအား ပြည်ပသို့တင်ပို့မှုကို မြှင့်တင်ရန် ဗီယက်နမ်နိုင်ငံက နည်းလမ်းရှာ

Thu, 06/15/2017 - 10:24 -- journal_editor

      ဗီယက်နမ်နိုင်ငံ၏ ခြံမွေးတိရစ္ဆာန် လုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ သော်လည်း ပြည်ပသို့ တင်ပို့မှုကို ကောင်းစွာ  ဆောင်ရွက်နိုင်ခြင်းမရှိ သေးကြောင်း ဗီယက်နမ်နယူးစ်သတင်း တွင် ဖော်ပြထားသည်။ ဗီယက်နမ်နို င်ငံမှ ထွက်ရှိသော ခြံမွေးတိရစ္ဆာန်  ထွက်ကုန်အများစုမှာ ပြည်တွင်း ဈေးကွက်များတွင်သာ ရောင်းချလျက်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်ရှိ တိရစ္ဆာန် ကျန်းမာရေးဌာန ညွှန် ကြားရေးမှူး ဖမ်ဗန်ဒေါင်းကပြောသည်။ ဒေါင်း၏ အဆိုအရ သားသတ်ရုံ များ၊ တိရစ္ဆာန် မွေးမြူရေးခြံများ၏ အရည်အသွေး  နိမ့်ကျမှုနှင့်  ရောဂါ အန္တရာယ်များကြောင့် ပြည်ပသို့ ခြံ မွေးတိရစ္ဆာန် ထွက်ကုန်တင်ပို့မှုသည် ဖွံ့ဖြိုး တိုးတက်မှု အလားအလာနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသေး ကြောင်း သိရသည်။
       "ဗီယက်နမ်နိုင်ငံရဲ့တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းတွေက အသေးစားလုပ်ငန်းများသာဖြစ်ပြီး နေရာအမျိုးမျိုးမှာ ပြန့်ကျဲနေပါတယ်။ မွေးမြူတဲ့နေရာမှာလည်း တိရစ္ဆာန်တွေပြည့်ကျပ်နေတဲ့အတွက် ရောဂါဖြစ်ပွားမယ့် အန္တရာယ် ရှိနေပြီး ခြံမွေးတိရစ္ဆာန်ထွက် ကုန်တင်ပို့မှုကို ထိခိုက်နိုင်ပါတယ်"ဟုယခုရက်သတ္တပတ်တွင် ဟနွိုင်းမြို့၌ ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခု၌ ဒေါင်းကပြောသည်။ ၂၀၁၆ ခုနှစ်တွင် ပြည်ပသို့ ဝက်သားတင်ပို့မှုမှာ စုစုပေါင်း တန် ချိန် ၁၁၀၀၀ ရှိပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ပထမငါးလတွင် ဝက်သားတင်ပို့မှုသည် တန်ချိန် ၁၀၆၀၀ ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးရှိခဲ့သည်။ ကြက်ငှက်ေ မွးမြူရေး လုပ်ငန်းများမှ ကြက်အရှင်နှင့် အေးခဲကြက်သားနှစ်မျိုးစလုံးကို ပြည်ပသို့တင်ပို့နိုင် ခြင်းမရှိကြောင်း ဒေါင်းကပြောသည်။ လောလောဆယ်တွင်မူ ဂျပန်နိုင်ငံသို့ ကြက်သားတင်ပို့ရန် မှတ်ပုံတင်ထား သော ကုမ္ပဏီနှစ်ခုရှိ သည်။ ဥစားကြက် ဘဲ မွေးမြူရေးလုပ်ငန်းကိုကြည့်ပါက ဟောင်ကောင်၊ စင်ကာပူနှင့် ဂျပန်သို့ ဆေးဘဲဥနှင့် စည်သွပ်ငုံးဥတင်ပို့သော ကုမ္ပဏီငါးခုရှိသည်။
        စင်ကာပူ၊ တရုတ်(တိုင်ပေ)နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကုန်သွယ်ဖက်များက  ဗီယက်နမ်ဝက်သားကို တင်သွင်းလိုသည့်ဆန္ဒ ရှိကြသော် လည်း ဗီယက်နမ် ထွက်ကုန်များ၏ ထုတ်လုပ်မှုနှင့် ကျန်းမာရေးဘေး အန္တရာယ် ကင်းရှင်းမှုတွင် သက်ဆိုင်ရာ နိုင်ငံတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသည့်အတွက် စိတ် ပြောင်းသွားကြကြောင်း နှီးနှောဖလှယ် ပွဲတက်ရောက်လာသော ဝက်သားထုတ်လုပ်တင်ပို့ရေး ကုမ္ပဏီဖြစ်သည့် သန်းလွိုင် ကုမ္ပဏီဥက္ကဋ္ဌ ငုယင်ဒပ် ဟောင်ကပြောသည်။ ခြံမွေးတိရစ္ဆာန် ထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုကို မြှင့်တင်ရန်အတွက် ခြံမွေးတိရစ္ဆာန် ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှု အရေအတွက် နှင့် ဈေးနှုန်းကို အဓိက မထား ဘဲ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်တွင် အရည်အသွေး တိုးတက်ကောင်းမွန်ရေးကို အလေးပေးဆောင်ရွက်သင့်ကြောင်း နှင့် အဓိကအလေးပေးဆောင်ရွက်သင့်သော အခြေအနေနှစ်ခုမှာ ကုန်ထုတ်လုပ်မှုပစ္စည်းများနှင့် တိရစ္ဆာ န်များ၏ ကျန်းမာရေးတို့ပင်ဖြစ်ကြောင်း ဟောင် က ပြောသည်။

 

ဉာဏ်တင်