Main menu

Background

ဈေးကွက်တည်ငြိမ်ရေးအတွက် သင့် တော်သော အစီအမံများကို တောင်ကိုရီးယားအစိုးရ ချမှတ်

Fri, 06/23/2017 - 11:04 -- journal_editor

          ပြည်တွင်း ဘဏ္ဍာရေး ဈေးကွက်ကို တင်းကျပ်စွာ ကြီးကြပ်ရန်နှင့်  အမေရိကန် ပြည်ထောင်စု ဗဟိုဘဏ်က နောက်ဆုံးအတိုးနှုန်း မြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှန်သမျှကို ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဇွန်၁၅ ရက်တွင် တောင်ကိုရီးယား အစိုးရကပြောကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ "အမေရိကန် အတိုးနှုန်းမြှင့်တင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်ရိုက်ခတ် မှုဒဏ်ကို လျော့ပါး သက်သာစေဖို့  ကျွန်တော်တို့ အပြည့်အ၀ ပြင်ဆင်ထားမှာဖြစ် ပါတယ်။ အစိုးရက ဈေးကွက်များကို ဆက်လက် ကြီးကြပ်ထိန်းသိမ်းပြီး ဈေးကွက် တည်ငြိမ်ရေး အစီအမံတွေကို အချိန်ကိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဆိုးလ်မြို့တွင် ကျင်းပသော ဘဏ္ဍာရေးမူဝါဒအစည်းအဝေးတွင် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ကိုဝှန်ကွမ်းက ပြောသည်။
         အမေရိကန် ပြည်ထောင်စုဗဟိုဘဏ်၏ အဓိကအတိုးနှုန်းကို ဇွန် ၁၄ ရက်တွင်  သုညဒသမ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။သို့ဖြစ်ရာ ပြည်ထောင်စု ဗဟိုဘဏ်က ရည်မှန်းထားသော အတိုးနှုန်းဖြစ်သည့် တစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၂၅ ရာခိုင်နှုန်း  အတွင်းသို့ ရောက်ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်သည် ယခု နှစ်မတ်လအတွင်းက အတိုးနှုန်းမြှင့်တင်ခဲ့ရာ ယခုတစ်ကြိမ် အတိုးနှုန်းမြှင့်တင်ခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ "ကာလ ရှည်ကြာစွာ ခန့်မှန်းထားတဲ့ကိစ္စဖြစ်တဲ့အတွက် အမေရိကန် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဈေးကွက်တွေ အငိုက်မိပြီး အတက်အကျ အကြီးအကျယ်ဖြစ်တာမျိုး မရှိခဲ့ပါဘူး။ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှု ရှိနေတဲ့ အတွ က် တောင်ကိုရီးယားဈေးကွက်က မဆိုသလောက်သာ အတက်အကျဖြစ်ခဲ့ပါတယ်" ဟု သူက ပြောသည်။
        တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်စု ကြွေးမီသည် မတ်လအထိ ကောက်ယူထားသော စာရင်းများအရ ဝမ် ထရီလီယံ ၁၃၆၀ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ )ရှိခဲ့သည်။ သို့သော်လည်း ကြီးထွားလျက်ရှိေ သာ  တောင်ကိုရီးယားနိုင်ငံ၏ အိမ်ထောင်စုကြွေးမြီများအပေါ်တွင် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးမူဝါဒ တင်းကျပ်မှုကြောင့် ဂယက်ရိုက်ခတ်မှု မရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး ကင်ဒေါင်ယွန်းက ပြောသည်။ ချေးငွေအ တွက် အတိုးနှုန်းများမြင့်တက်ကာ ကုန်ကျစရိတ်များ များပြားလာမှုကြောင့် ကြွေးမြီပြန်မပေးနိုင်သော အခြေအနေများ တိုးပွားလာပြီး နောက်ထပ် ဘဏ္ဍာရေး အကျပ်အတည်းတစ်ခု ထပ်မံပေါ်ပေါက်မည်ကို ပြည်တွင်း ကျွမ်းကျင် သူတို့က စိုးရိမ်လျက်ရှိသည်။

 

ဉာဏ်တင်