Main menu

Background

ဗီယက်နမ်ပြည်တွင်း အသေးစားစီးပွားရေး လုပ်ငန်းများကို ဒစ်ဂျစ်တယ်အသွင် ပြောင်းရန် ကျွမ်းကျင်သူတို့ တိုက်တွန်း

Fri, 06/23/2017 - 11:07 -- journal_editor

      ကမ္ဘာ့ဈေးကွက်အတွင်းသို့ ဗီယက်နမ် အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) များကိုပေါင်းစည်းနိုင်အောင်ဆောင်ရွက်ပေးမည့် ဒစ်ဂျစ် တယ်ဖြေရှင်းမှုများ (Digital Solutions) အကြောင်းကို ဇွန် ၁၅ ရက်က ဟိုချီမင်းစီးတီးတွင် ကျင်းပသော ကွန် ဖရင့်တွင် စီးပွားရေးခေါင်းဆောင်များနှင့် ကျွမ်းကျင်သူ တို့ ဆွေးနွေးခဲ့ကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲကို အမေရိကန်- အာဆီယံ စီးပွားရေး ကောင်စီနှင့် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ကျင်းပပေး ခြင်းဖြစ်သည်။
       ယခုကျင်းပသော ကွန်ဖရင့်သည် အမေရိကန် ပြည်ထောင်စုမှ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများက ဗီယက်နမ် အက်စ်အမ်အီးများအား ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြု၍ ဈေးကွက်တင် ရောင်းချသော အတွေ့အကြုံ များကို  ဖလှ ယ်သော ဖိုရမ်တစ်ခုသဖွယ်ဖြစ်ကြောင်း ကိုကာကိုလာ ဗီယက်နမ်၏ အမှုဆောင်ချုပ် ဆန်ကတ် ရေးကပြောသည်။ သိပ္ပံနှင့် နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး ရေး၊ လုပ်ငန်းတီထွင်ဆန်းသစ်ရေး၊ တီထွင်ဖန်တီးရေးနှင့် ဘ ဏ္ဍာရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုနိုင်ရန် ဗီယက်နမ်  အက်စ်အမ်အီးများက ကြိုးပမ်းဆောင်ရွက်ရာ၌ စီးပွားရေးလုပ်ငန်းများကို အစိုးရက အထောက်အကူပေးခြင်းဖြင့် စီးပွားရေးဝန်းကျင် အခြေအနေကို တိုး တက်ကောင်းမွန်အောင် ဆောင်ရွက် နေသည့် မူဝါဒများကို ပြန်လည်သုံးသပ်ရန် ဟိုချီမင်း စီးတီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ညွှန်ကြားရေးမှူး ဗိုတန်သန်းက တိုက်တွန်းသည်။
        စီးပွားရေးဝန်းကျင် အခြေအနေ တိုးတက်ကောင်း မွန်ရေးအတွက် အစိုးရက  အဘက်ဘက်မှ ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သူကပြောသည်။ ဗီယက်နမ် အက်စ်အမ်အီးများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စီမံ ကိန်းတစ်ရပ်ကို ဗီယက်နမ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက မိုက်ကရို ဆော့ဖ်ဗီယက်နမ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် ရည်ရွယ်ချက်မှာ စီးပွားရေး လုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းသစ် များ ဖန်တီးပေးရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင်  ရင်ဆိုင်ရမည့် စိန် ခေါ်မှုများကို ဖြေရှင်းရန်ဖြစ်ကြောင်း သန်းကပြောသည်။
          ဗီယက်နမ်နိုင်ငံရှိ လူလတ်တန်းစားများ၏ ဝင်ငွေ မြင့်တက်မှုနှင့် စားသုံးသူ ယုံကြည်မှု မြင့်တက်လာသည့် အတွက် လက်လီရောင်းဝယ်ရေးလုပ်ငန်းမှာ ဗီယက်နမ် နိုင်ငံတွင် အလားအလာကောင်းသော  လုပ်ငန်းတစ်ခုြ ဖစ် ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော ကျွမ်း ကျင်သူတို့ ကပြောသည်။ နည်းပညာကို ထိရောက်စွာ  အသုံးပြုခြင်းနှင့် အတွေ့အကြုံပြည့်ဝသော ထောက်ပံ့ပို့ဆောင်ရေး လုပ် ငန်းများ ပူးပေါင်းခြင်းဖြင့် အာရှ နှင့် ကမ္ဘာ့နယ်ပယ်တွင် ဗီယက်နမ် အက်စ်အမ်အီးများ  တိုးတက်ဖွံ့ဖြိုးလာနိုင် ကြောင်း ကျွမ်းကျင်သူတို့က ပြောသည်။

 

ဉာဏ်တင်