Main menu

Background

ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့် နိုင်ငံခြားခရီးသည်များ ထိုင်းနိုင်ငံအတွင်း လည်ပတ်နေထိုင်မှုကို ထိခိုက်

Wed, 06/28/2017 - 13:03 -- journal_editor

        ထိုင်းငွေကြေးမြင့်တက်မှုကြောင့် နိုင်ငံခြားခရီးသည်များအတွက် စရိတ်မြင့်တက်စေပြီး ဝင်ရောက်မှုဦးရေ လျော့ကျသွားစေနိုင်ကြောင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအတွက်လည်း အကျိုးအမြတ် နည်းပါးသွားစေနိုင်ကြော င်း ခရီးသွားလာရေးလုပ်ငန်းနှင့် သက်ဆိုင်သော အစိုးရနှင့်ပုဂ္ဂလိက တာဝန်ရှိသူများက ပြောကြားကြပါသည်။ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၂ရက် ထုတ်ပြန်ချက်အရ ယခုနှစ် ထိုင်းဘတ်ငွေတန်ဖိုးသည် အင်္ဂလန်ပေါင်စတာ လင်ငွေကြေးနှင့် ဖလှယ်ရာ၌ ၁၄ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်ငွေကြေးနှင့်၈ရာခိုင်နှုန်း၊   ဥရောပယူရိုငွေကြေး နှင့် ၅ရာခိုင်နှုန်းနှင့် အမေရိကန်ဒေါ်လာ ငွေကြေးနှင့် ၂ရာခိုင်နှုန်း အသီးသီး တန်ဖိုးတိုးမြှင့်ခဲ့ေ ကြာင်း ဖော်ပြထားပါသည်။ ရုရှား နိုင်ငံသုံး ရူဗယ်ငွေကြေးမှာ ထိုင်းဘတ်ငွေနှင့် ဖလှယ်ရာ၌  ၂၀ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ ရုရှားငွေကြေးတန်ဖိုးမြင့်တက်မှုမှာ ငါးလ အတွင်း ၃၁ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဝန်ကြီးဌာနမှ ရုရှားနိုင်ငံသုံး ရူဗယ်ငွေကြေးမှာ ယခုနှစ် ဒုတိယနှစ်ဝက် တွင်လည်း ဆက်လက်တိုးတက်နေဦးမည်ဟု ခန့်မှန်းထားပါသည်။
        ထိုင်းငွေကြေးတန်ဖိုးမြင့်တက်မှုကို ဖြစ်စေသော ပြည်တွင်းအကြောင်းအရာများမှာ ပို့ကုန်တိုးတက်ခဲ့၍ဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပို့ကုန်တိုးတက်မှု ၅ ဒသမ ၇ရာခိုင်နှုန်း ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၃၄ ဘီလီယံ အထိ ရောက်ရှိ ခဲ့ကြောင်း၊ ပြင်ပအချက်အလက်များအနေဖြင့်   ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ  နုတ်ထွက်မှု၊ မလေးရှားနိုင်ငံ၏  စီးပွားရေးကျဆင်း မှုနှင့်အမေရိကန်နိုင်ငံ၏မူဝါဒ မတည်ငြိမ်မှုတို့လည်းပါ၀ င်ကြောင်း ဖော်ပြထားပါသည်။ ထိုင်းငွေကြေး တန်ဖိုးမြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသည်များအား တုံ့ဆိုင်း စေခဲ့ကြောင်း၊ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် Pongpanu က ပြောကြားပါသည်။ ကာတာလေ ကြောင်းလိုင်းမှာ အရှေ့အလယ်ပိုင်း နှင့် ဥရောပနိုင်ငံများသို့ ပြေးဆွဲရာတွင် ထိုင်းနိုင်ငံ၌ တစ်ထောက်နားသည့် လေကြောင်းလိုင်း ဖြစ်သည့်အတွက် ထိုင်းငွေကြေး တန်ဖိုးမြင့်တက်မှုသည် ကာတာ လေကြောင်းလိုင်းအတွက်  ထွက်ပေါက်တစ်ရပ်ဖြစ်စေခဲ့ကြောင်း သူက ပြောကြားပါသည်။ ထိုင်းနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသတို့ ခရီးသွားလာမှုမှာ ကာတာလေကြောင်းလိုင်းအပါအဝင် အပြောင်း အလဲမရှိဘဲ ဆက်လက်ဆောင်ရွက်နေဦးမည်ဟု  ဝန်ကြီးဌာနမှ မျှော်လင့်ပါသည်။ ခရီးသည် ၄ ဒသမ ၄ရာခိုင်နှုန်းမှာအရှေ့အလယ် ပိုင်းဒေသမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဖော်ပြ ထားရှိပါသည်။ အာရပ်နိုင်ငံမှ ခရီးသည်များမှာ ထိုင်းနိုင်ငံတွင် ဆေးဝါးကုသရန် မိသားစုလိုက်လာရောက်လေ့ရှိကြောင်း ဖော်ပြ ထားပါသည်။
        ထိုင်းနိုင်ငံ ခရီးသွားလာရေးကောင်စီဥက္ကဋ္ဌ Ittirit Kinglake က ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသည် ၃၄ သန်း ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ပထမ ငါးလအတွင်း ခရီးသည် ၁၄ ဒသမ ၆၁ သန်း ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကာလ တူထက် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ နိုင်ငံခြားခရီး သွားလာရေးလုပ်ငန်းမှ ဘတ် ၇၄၇ ဒသမ ၀၇ ဘီလီယံ ဝင်ငွေရရှိ ရန် လျာထားချက်မှာ ပြည့်မီရန်ခက်ခဲမည်ဖြစ်ကြော င်း ပြောကြားသွားပါသည်။ သို့သော်လည်း  ပြည်တွင်းခရီးသွားလာမှုမှာ  တိုးတက်ခဲ့ပြီး ခရီးသည်ဦးရေ ၄၅ ဒသမ၁၄ သန်းရှိခဲ့ကာ နိုင်ငံ့စီးပွားရေးအတွက် ဝင်ငွေ ဘတ် ၃၀၅ဒသမ၃၈ ဘီလီယံ ရရှိစေခဲ့ကြောင်း ဖော်ပြထားပါ သည်။ ဗန်ကောက်ရှိ ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများ၏ ခန့်မှန်းချက်အရ ခရီးသည်ဝင်ရောက်နိုင်မှုမှာ နိုဝင်ဘာနှောင်းပိုင်း (သို့မဟုတ်) ဒီဇင်ဘာအစောပိုင်းတွင်မှ ပြန်လည် ရရှိစေမည်ဖြစ် ကြောင်း ပြည်ပဈေးကွက်များမှ ကြို တင်စာရင်းပေးသွင်းမှုအရ သိရှိရပါသည်။

သတင်းရင်းမြစ် -(၁၃-၆-၂၀၁၇) ရက်နေ့ ထုတ် ထိုင်းနိုင်ငံ Bangkok Post သတင်းစာပါ “Strong baht tipped to hurt tourist stays ” သတင်း
နှစ်နိုင်ငံ