Main menu

Background

သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်သွင်းမှု ယာယီဆိုင်းငံ့ခြင်းအား ဖြေလျှော့လိုက်ပြီ

Wed, 08/02/2017 - 10:07 -- journal_editor

       သြစတြေးလျနိုင်ငံအစိုးရ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနမှ သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားရာမှ ဇူလိုင် ၆ ရက်မှစတင်၍ ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာ နမှ ပေးပို့ ချက်အရသိရှိရပါတယ်။ အဲဒီလိုဖြေလျှော့ရာမှာလည်း စည်းကမ်းချက်တွေနဲ့အညီ ဖြေလျှော့ခြင်း ဖြစ်ပြီး ပုစွန်စိမ်းတင်သွင်းသည့် နိုင်ငံများအနေနဲ့ World Organization for Animal Health (OIE) သတ်မှတ်ထား သည့် စံနှုန်းအတိုင်း White Spot Syndrome Virus (WSSV) ရောဂါပိုးနှင့် Yellow Head Virus (YHV)ရောဂါပိုးများအား စမ်းသပ်စစ်ဆေးထားကြောင်း ထောက်ခံချက်လိုအပ်ပြီး ထောက်ခံချက်ပုံစံတို့ကို စနစ်တကျ ကြို တင်သွင်းရမှာဖြစ်ပါတယ်။
       သက်ဆိုင်ရာနိုင်ငံများမှ ရာနှုန်းပြည့်စစ်ဆေးထားသည့် အဲဒီပုစွန်စိမ်း တွေကို သြစတြေးလျ ဓာတ်ခွဲခန်းမှာ WSSV နှင့် YHV ရောဂါပိုးများ ကင်းရှင်း ခြင်း ရှိ-မရှိ ထပ်မံစစ်ဆေးပြီးမှသာ ဇီဝဖြစ်စဉ်ထိန်းသိမ်းရေးစစ်ဆေးမှုမှ ကင်း လွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ကုန်သွယ်ဖက်များအနေနဲ့ ယခုဖြေလျှော့ချက်အရ သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်ပို့ခြင်းဆိုင်ရာ စည်းကမ်းချက်များနဲ့အညီဇူလိုင်၆ ရက်မှစပြီး တင်ပို့သွားနိုင်မှာ ဖြစ်ပါကြောင်း သိရပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှ ပုစွန်စိမ်းတင်ပို့လိုသူများအနေဖြင့်  သြစတြေး လျနိုင်ငံမှ သတ်မှတ်တဲ့ စည်းကမ်းချက်များကို သိရှိပြင်ဆင်ဆောင်ရွက်နိုင်စေရေး ဖော်ပြလိုက်ပါတယ်။

 

Source- နိုင်ငံခြားရေးဝန်ကြီးဌာန
ချိုသက်မူ (DOT)