Main menu

Background

ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံကြမည်

Mon, 08/14/2017 - 14:05 -- journal_editor

         ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အားထုတ်နိုင်ရန်အတွက်  ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံခြားကုန်သွယ် မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ အဒူချိုတီနီဆခွန်းက ခရီးစဉ်အား သြဂုတ် ၇  ရက်မှ၁၂ ရက်အထိ သွားရောက်ရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကို လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ရန်ေ ဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ  နယ်စပ်ကုန်သွယ်မှု ပမာဏအား ငါးရာခိုင်နှုန်း မြင့်တက်ပြီး  တန်ဖိုး ဘတ် ၁ ဒသမ ၈ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။
        ယခုကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အပေါ်ချိတ်ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ြ ခင်းဖြစ်ကြောင်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေကြောင်း မစ္စတာအဒူက ပြောကြားခဲ့ ပါသည်။ ရှမ်း ပြည်နယ်သည် ထိုင်းရင်းနှီးမြှုပ်နှံသူများအား ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်း၊ လျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် ခရီးသွားလာမှု လုပ်ငန်း နှင့်ဆက် စပ်သည့် စီးပွားရေး လုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှမ်းပြည်နယ်တွင် နာမည်ကျော် ခရီးသွားလာရေး ဒေသများအဖြစ် အင်းလေးကန်၊  တောင်ကြီးမြို့တို့ရှိပြီး  အနာဂတ်တွင် ဖွံ့ဖြိုးတိုး တက်ပြီး ကျော်ကြားလာနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံမှကုမ္ပဏီအများစု လိုက်ပါကြမည် ဖြစ်ကြောင်း၊ ၎င်းတို့တွင် Provincial Electricity Authority (PEA), Bangkok Mass Transit System Plc , the Port Authority of Thailand နှင့် Amata Corporation Plc  တို့လည်း ပါဝင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
        ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအားနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှု တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း၊၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဘတ် ၁ ဒသမ ၄ ထရီ လီယံရှိခဲ့ပြီး အဆိုပါပမာဏသည် GDP တန်ဖိုးဘတ် ၁၃ ထရီလီယံအနက် ၁၀ ရာခိုင်နှုန်းကျော် ပါဝင်ခဲ့ ကြောင်း ဖော်ပြသွားပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နယ်စပ်ကုန်သွယ် မှုအား ၅ ရာခိုင်နှုန်းတိုးတက်၍ ယခင်နှစ်ဆောင်ရွက်မှု ၁ ဒသမ ၄ ထရီလီယံမှ ၁ ဒသမ၈ ထရီလီယံရောက်ရှိအောင် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင် စစ်ဆေးရေးဂိတ်မှ ရှမ်း ပြည်န ယ် နယ်စပ်ဒေသနှင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ ယခုနှစ်တွင် ဘတ် ၈ ဒသမ ၉ ဘီလီယံရရှိထားပြီး ၎င်းအနက် ပို့ကုန်တန်ဖိုးမှာ ၈  ဒသမ ၇ ဘီလီယံပါဝင်၍ ကုန်သွယ်မှုပိုငွေ များစွာရရှိထားကြောင်း ဖော်ပြထားပါသည်။ အကျိုးဆက်အနေဖြင့် မယ်ဆိုင်ခရိုင်တွင် နှစ် နိုင်ငံ ကုန်သွယ်မှုကုန်စည်ပြပွဲအား သြဂုတ်လ ၂၅ ရက် မှ၂၉ ရက် အတွင်း ဆောင်ရွက်ရန်လျာထားကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းအား အရှိန်မြှင့်တင်ရန်နှင့် စီးပွားရေးရာဆွေးနွေး ပွဲများ  ကျင်းပသွားရန် စီမံချက်ချထားကြောင်း ဖော်ပြထားပါသည်။ မစ္စတာ အဒူက ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ  မဲဆောက် နှင့် မြန်မာနိုင်ငံ မန္တလေးကိုြ ဖတ်ကျော်ပြီး တရုတ်နိုင်ငံသို့ သယ်ယူ ပို့ဆောင်ရေးကွင်းဆက်အား စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြခဲ့သည် ဟု ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

 

သောင်းနိုင်(တာချီလိတ်)
သတင်းရင်းမြစ် -Bangkok Post