Main menu

Background

သဘာဝဘေးအန္တရာယ်များကြောင့် ထိုင်းဆန်တင်ပို့မှု စံချိန်သစ်တင်နိုင်

Thu, 08/17/2017 - 10:39 -- journal_editor

       ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်ဆန်တင်ပို့ မှုအား တန်ချိန် ၁၁ သန်းအထိ ရောက်ရှိပြီး အမြင့်ဆုံး စံချိန်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယ နှစ်ဝက်အတွင်း သဘာဝဘေးအန္တရာယ် တွေ့ကြုံ ရသောနိုင်ငံများမှ ဝယ်လိုအားအသစ်များမြောက် မြားစွာရရှိခဲ့၍ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စအပီရာဒီတန်တရာဘွန်းက ဝန်ကြီးဌာနအနေဖြင့် ယခင် ခန့်မှန်းထားသည့် တန်ချိန် ၁၀ သန်းအစား တိုးမြှင့်ခန့်မှန်းထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံအများစုမှ ထိုင်းဆန်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ အချို့သော  ရိုးရာဓလေ့အရ ဝယ်ယူသူများမှာလည်း နှစ်သစ် ကူးပွဲတော်အတွက် ဆန်ဝယ်လိုအား တိုးမြှင့်လာကြောင်း၊ ယခင်ကဝယ်ယူမှုမရှိဘဲ ရပ်တန့်နေသည့်  ဖောက်သည်ဟောင်းများကလည်း ဝယ်ယူရန် ပြန်လည်ဆက်သွယ်လာကြကြောင်း ၎င်းကဆက်လက်ပြောကြားပါသည်။
         ဆန်ဝယ်လိုအားသည် ကမ္ဘာ့တစ်ဝန်း တိုးတက်လျက်ရှိကြောင်း၊ အထူးသဖြင့် ထိုင်းဆန် လက်ကျန်ပယ်ဖျက်လိုက်ခြင်းကြောင့် ယခုနှစ် ကုန်ပိုင်းအတွက် ဆန်ရရှိနိုင်ရန် မသေချာသည့် အခြေအနေအပေါ် စိုးရိမ်ကြ၍ ဖြစ်ေ ကြာင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းဝယ်လိုအားကို အပြည့်အ၀ ဖြည့်တင်းထားကြရန် တိုက်တွန်း လျက်ရှိကြကြောင်း  ထပ်မံပြောကြားပါသည်။ ယခုခန့်မှန်းသည့်  တန်ချိန် ၁၁ သန်းမှာ ၂၀၁၆ ခုနှစ်က တင်ပို့ခဲ့သည့် တန် ချိန် ၉ ဒသမ ၉ သန်း၊ ၂၀၁၅ ခုနှစ်က တင်ပို့ခဲ့သည့်တန်ချိန် ၉ ဒသမ ၈ သန်းထက်များစွာ ပိုမိုသော်လည်း ၂၀၁၄ ခုနှစ်က တင်ပို့ခဲ့သည့်တန်ချိန် ၁၀ ဒသမ ၉ သန်း နှင့် ကွာခြားမှုမများပါကြောင်း၊ ဆန်ပို့ကုန် တန်ဖိုးသည် ယခုနှစ် တွင် တိုးတက်လာမည်ဟုမျှော်လင့်ထားကြောင်း၊ ဆန်ဝယ်လိုအား မြင့်မားခြင်းနှင့်အတူ ဆန်လက်ကျန် နည်းပါးနေ၍ ဈေးနှုန်းမြင့်တက်လာမည်ဟုခန့်မှန်းကြောင်း၊ ထိုင်းဆန်ဖြူစံထားဈေးနှုန်းသည် ယခုအခါတစ်တန်လျှင် အမေ ရိကန် ဒေါ်လာ ၄၁၀ သို့ရောက်ရှိခဲ့ကြောင်း၊ ယခုနှစ် အစောပိုင်းကရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၃၆၀ နှင့် ယမန်နှစ်က ဖြစ်ပေါ်ခဲ့သည့် အမေရိကန် ဒေါ်လာ ၃၅၀ တို့ထက် မြင့်တက်ခဲ့ ကြောင်းဝန်ကြီးက ပြောကြားခဲ့သည်။
         အစိုးရအနေဖြင့် စုပုံနေသော ဆန်လက် ကျန်တန်ချိန် ၁၈ သန်းကျော်အား တဖြည်းဖြည်း ချင်း ရှင်းလင်းပြီးနောက် ထိုင်းဆန်ဈေးနှုန်း မြင့် တက်ရန် ဖိအားတစ်ရပ်ဖြစ်စေခဲ့ကြောင်း ပြော ကြားခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့ မှ ဆန်တန်ချိန်လေးသိန်းကို အရေးတကြီး ဝယ်ယူ လိုကြောင်း၊ ၎င်းင်းတို့၏ လက်ကျန်ကို ဖြည့်ဆည်းလို ကြောင်း၊ တစ်နိုင်ငံလျှင်တန်ချိန်နှစ်သိန်းစီ လိုအပ် နေကြောင်း၊ ယခုနှစ်အတွင်း မိုးခေါင်မှုနှင့် ရေကြီး မှုတို့ ခံစားခဲ့ရပြီး သီးနှံအထွက်နှုန်းကို ထိခိုက်စေ ခဲ့ကြောင်း၊ ၎င်းနိုင်ငံများသို့ ထိုင်းနိုင်ငံမှ ပုံမှန်ရောင်းချခဲ့ခြင်း မရှိသော်လည်း ယခုအခါဝယ်ယူရန် ချဉ်းကပ်လာကြောင်း၊ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မကြာမီက ရေကြီးမှုဖြစ်ပေါ် ၍ သီးနှံပျက်စီးမှု  ရှိခဲ့သော်လည်း ဆန်တန်ချိန် ၂၆ သန်းအတွက် စပါးစိုက်ပျိုးထားရှိပြီး ဧရိယာနှင့် နှိုင်းယှဉ်ပါက  အင်မတန်  နည်းပါးပါကြောင်း ဝန်ကြီးက ပြောကြားသွားပါသည်။

 

သောင်းနိုင်(တာချီလိတ်)
သတင်းရင်းမြစ်-Bangkok Post