Main menu

Background

ဂျာမနီနိုင်ငံ၏အကြီးဆုံးဆီမီးကွန်ဒတ်တာ လုပ်ငန်းက မလက်ကာရှိလျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းအတွက် ရင်းဂစ်သန်း ၂၄၀ ရင်းနှီးမြှုပ်နှံ

Fri, 08/18/2017 - 13:38 -- journal_editor

        မနီနိုင်ငံ၏ အကြီးဆုံးတစ်ပိုင်းလျှပ် ကူးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Infineon နည်းပညာကုမ္ပဏီက မလက်ကာရှိ လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်းအတွက် ရင်းဂစ်သန်း ၂၄၀ ရင်းနှီးမြှုပ်နှံ မည်ဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဂျာမနီနိုင်ငံမှ Infineon နည်းပညာကုမ္ပဏီသည် မလေးရှားနိုင်ငံတွင် ရုံးခွဲ တစ်ခုလာရောက်ဖွင့်လှစ်ပြီး မလက်ကာရှိ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းတွင် ရ င်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
      အဆိုပါစီမံကိန်းကြောင့် မလေးရှားနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၈၄ ခုကို ထပ်မံဖန်တီးပေးနိုင်ခဲ့ပြီး အလုပ်အကိုင်သစ်ပေါင်း ၆၀၀ ခန့်ကိုလည်း ရရှိလာမည်ဖြစ်သည်ဟု ဆိုသည်။ "Infineon ဟာ မလေးရှားနိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း တစ်သောင်းကျော်ကို ဖန်တီးပေးနိုင်တော့မှာဖြစ်ပါတယ်။ မလက်ကာဒေသမှာရှိတဲ့ လုပ်သားထုစုစုပေါင်းရဲ့ နှစ်ရာခိုင်နှုန်းကို အဲဒီနည်းပညာကုမ္ပဏီက ပံ့ပိုးပေး နိုင်ခဲ့ပါ တယ်"ဟု မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုရေးရာဝန်ကြီး ဒါတိုဆေရီ အွန်ခချန်းက Infineon ၏ အဆောက်အဦသစ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ Infineon ကုမ္ပဏီသည် မလေးရှားနိုင်ငံ တွင် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ခြင်းသည် အာဆီယံဒေသတွင် ရင်းနှီးမြှုပ်နှံမှုကိုထပ်မံတိုးချဲ့မည့် လမ်းစပင်ဖြစ်ကြောင်း၊ Infineon သည် ကျယ်ပြန့်လှသည့် အာဆီယံဈေးကွက်သို့ ၎င်း၏ထုတ်ကုန်ပစ္စည်းများဖြစ်သည့် လျှပ်စ စ်နှင့်သက်ဆိုင်သော ထုတ်ကုန်များ၊ အီလက်ထရောနစ်ဆိုင်ရာ ထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ်တင် ပို့နိုင်မည်ဖြစ် ကြောင်း ၎င်းကပြောကြားခဲ့သည်။

 

မယ်သီတာ