Main menu

Background

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ချီးကျူး

Fri, 08/25/2017 - 13:20 -- journal_editor

      တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများအား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌမစ္စတာ ဂျင်ယောင်ကင်က သြဂုတ် ၁၇ ရက်က ချီးကျူးပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ သန်းေ ပါင်းများစွာအတွက်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အစီအစဉ်ကို လုပ်ဆောင်လျက်ရှိရာ  အောင်မြင်မှုများရရှိ နေပြီဖြစ်ကြောင်း ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေးအစီရင်ခံစာပါအချက်အလက် များကို ကိုးကားပြီး ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ က ထုတ်ဖော်ချီးကျူးခဲ့ခြင်းဖြစ်သည်။ "၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးသူပေါင်း ၁ ဒသမ ၁ သန်းနီးပါးရှိခဲ့ပါတယ်။ အဲဒီလူဦးရေအနက် တရုတ်နိုင်ငံက အများ ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ သူ့နိုင် ငံမှာရှိတဲ့ ဆင်းရဲနွမ်းပါးသူ အရေအတွက်လျှော့ချနိုင်ဖို့ ဈေးကွက်အသစ်တွေကို ရှာဖွေပြီး ဈေးကွက်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့မှုဟာ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချဖို့အတွက် တုံ့ပြန်တဲ့ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်" ဟု  ကင်က ပြောကြားခဲ့ သည်။
         ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ကင်၏အာဂျင် တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့သို့ နှစ် ရက်ကြာခရီးစဉ်တွင်  အာဂျင်တီးနား နိုင်ငံ သမ္မတမာရူစီယိုမာစီနှင့် နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ   ပြုလုပ်ရန် အတွက် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ် ပေါင်း ၃၀ ကျော်ကစတင်ပြီး ဈေးကွက် စီးပွားရေးစနစ်ကို စတင်လုပ်ဆောင် ခဲ့သည်။ ဆင်းရဲနွမ်းပါးသည့် လူဦးရေ ပေါင်း သန်း ၇၀၀ ကျော်အတွက်ဆင်းရဲ  နွမ်းပါးမှုကိုလျှော့ချနိုင်ရန် လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါး သူအရေအတွက်သည် ကမ္ဘာ့ဆင်းရဲနွမ်းပါးသူအရေအတွက်၏ ၇၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း ၂၀၁၆ ခုနှစ်တွ င် ထုတ်ပြန်ခဲ့သည့် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု နှုန်းသည် ၂၀၁၂ ခုနှစ်က တစ်နိုင်ငံလုံး ၏ ၁၀ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၆ ခု နှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၂၀၁၃ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူ အရေအတွက် ၅၅ ဒသမ ၆၄သန်း လျော့ကျသွားခဲ့ကြောင်း အစီရင်ခံစာ အရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ဆင်းရဲနွမ်းပါးမှု အား လုံး ချုပ်ငြိမ်းစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

 

မယ်သီတာ