Main menu

Background

အိန္ဒိယနိုင်ငံ၏ သလဲသီး၊ ငှက်ပျောသီးနှင့် ရုံးပတီသီးများအား တင်သွင်းရန် ကနေဒါက ခွင့်ပြု

Wed, 09/06/2017 - 14:57 -- journal_editor

    မြောက်အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်သည့်  ကနေဒါနိုင်ငံက အိန္ဒိယနိုင်ငံမှ သလဲသီး၊ ငှက်ပျောသီးနှင့် ရုံးပတီသီးများတင်သွင်းရန် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပြီဖြစ်သည့် အတွက်  မကြာမီကာလတွင် ယင်းကုန် စည်များကို ကနေဒါ၌ ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ ကနေဒါသည် အခြားသောဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် မတူဘဲ အိန္ဒိယအတွက် အထောက်အကူပြု နိုင်မည့် ၎င်းင်းတို့၏ဈေးကွက်ကို ဖွင့်ပေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယ စပျစ်သီးများ တင်သွင်းခွင့်ကို ကနေဒါ က ခွင့်ပြုပေးခဲ့ပြီးဖြစ် ကြောင်း၊ ယခုထပ်မံခွင့်ပြုလိုက်သည့် အမယ်များအနက် သလဲသီးကို ဈေးကောင်းကောင်းနှင့် အမြောက်အများတင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ကနေဒါ၌ အခြေချနေထိုင်သည့် အိန္ဒိယနိုင်ငံ သား အမြောက်အမြားရှိသည့်အတွက် ရုံးပတီသီးဈေးကွက်မှာလည်း ကောင်းမွန်ကြောင်း၊ သို့ရာ တွင် အိန္ဒိယမှ ကနေဒါသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန်မှာ အတန်ပင်အလှမ်းဝေးသည့်အတွက် ရေရှည်အထားမခံသည့် သြဇာသီးနှင့် ငှက်ပျောသီးတို့ကိုမူ ပမာဏများများ တင်ပို့နိုင်လိမ့်မည် မဟုတ်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အိန္ဒိယသည် ကနေဒါနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်အတွက်  ယခင်ဆွေးနွေးလက်စ ဖြစ်သည့်Free trade agreement in goods and services အား ဆက်လက်ညှိနှိုင်းဆွေးနွေးမည် ဖြစ်ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် အိန္ဒိယမှ ကနေဒါသို့ သီးနှံစားသောက်ကုန်တင်ပို့မှုတန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅ သန်းခန့်ရှိသည့်အနက် ၂ ဒသမ ၂ သန်းခန့်မှာ သရက်သီး၊ စပျစ် သီးနှင့် အခြားသစ်သီးစိမ်းများတင်ပို့မှုမှ ရရှိခြင်းဖြစ်ကြောင်း သိရှိ ရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့