Main menu

Background

ပြည်သူ သန်း ၂၀၀အတွက် စားနပ်ရိက္ခာဖူလုံစေရန် ပင်လယ်ရေဖြင့် စပါးစိုက်ပျိုးနိုင်ရန် တရုတ်သိပ္ပံပညာရှင်များက သုတေသနပြုလုပ်

Tue, 10/31/2017 - 18:12 -- journal_editor

          တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် စပါးအမျိုးအစား အမျိုးမျိုးအား ပင်လယ်ရေဖြင့် စိုက်ပျိုးနိုင်ရန် သုတေသန ပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းသည် ပြည်သူ သန်း ၂၀၀ အား စားနပ်ရိက္ခာ ဖူလုံစေရန် အ တွက်ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ပင်လယ်ရေဖြင့် စပါးစိုက်ပျိုးခြင်းဖြင့်  စပါးအထွက် နှုန်းမှာ သုံးဆနီးပါး ထွက်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်များက ယူဆထားကြသည်။ လွန်ခဲ့သော ဆယ်စုနှ စ်များစွာကပင် သုတေသီများ သည် ဆားငန်ရေဖြင့် စပါးစိုက်ပျိုးရန် ကြိုးစားအားထုတ်ခဲ့ကြ ကြောင်း၊ သို့သော် ယခုအခါတွင် ယင်းကဲ့သို့ ပြုလုပ်ခြင်းမှ စီးပွားရေးအရ အလားအလာရှိနိုင်သည်ဟု ယူဆခဲ့ကြသည်ဟု ဆိုသည်။
           သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် အရှေ့ပိုင်းရှိ ကွမ်ကျိုးမြို့၏ကမ်းခြေဒေသ မြစ်ဝါမြစ်အနီးရှိ လယ်ကွင်းများတွင် စပါးစိုက်ပျိုးခဲ့ကြသည်။ စပါးအမျိုးအစားပေါင်း ၂၀၀ ကို ဆားငန်ရေအခြေ အေ နအမျိုးမျိုးတွင် စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။ ပင်လယ်ရေများကို လယ်ကွင်း အတွင်းသို့ ရေစုပ်စက် များဖြင့် သွယ်ယူခြင်း၊ ပင်လယ်ရေကို ရိုးရိုးရေဖြင့် ရောစပ် ၍ လယ်ကွင်းအတွင်းသို့ ထည့်သွင်းခြင်းတို့ဖြင့် စပါးများကို စမ်း သပ်စိုက်ပျိုးခဲ့ကြသည်။ ပင်လယ်ရေဖြင့် စပါးစိုက်ပျိုးခြင်းမှ တစ်ဟက်တာလျှင် ဆန်တန်ချိန် ၄ ဒသမ ၅တန်ထွက်ရှိမည်ဟု  သိပ္ပံပညာရှင် များက ခန့်မှန်းထားသည်။ သို့သော်ခန့်မှန်းထားသည်ထက် ပိုမိုထွက်ရှိနိုင်ပြီး တစ်ဟက် တာလျှင် ၉ ဒသမ ၃ တန်အထိ ထွက်ရှိနိုင်သည်ဟု ဆိုသည်။
          "စမ်းသပ်စစ်ဆေးချက်များအရ ကျွန်တော်တို့ မျှော် လင့်ထားတာထက်ပိုပြီး ထွက်ရှိနိုင်ပါတယ်"ဟု Yangzhou တက္ကသိုလ်မှ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပါမောက ္ခLiu Shiping က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံရှိ မြေ ဧရိယာများအနက် အငန်ဓာတ်မြင့် မားသဖြင့် စိုက်ပျိုး၍မရနိုင်သည့် မြေဧရိယာမှာ စတုရန်း မီတာပေါင်း တစ်သန်းရှိကြောင်း သိရသည်။ သိပ္ပံပညာရှင်များသည် လယ်ယာစိုက်ပျိုးရေးအတွက် အချို့သောမြေဧရိယာများကို အ သုံးပြုခွင့်ရရှိမည်ဆို ပါက စပါးအမျိုးအစားအသစ်ကို ထုတ်လုပ်ရရှိနိုင်မည်ဖြစ်ကြောင်း မျှော်လင့် လျက်ရှိသည်။ စပါးစိုက်ပျိုး၍ မရနိုင်သည့် မြေဧရိယာများအနက် ဆယ်ပုံတစ်ပုံတွင်သာ စိုက်ပျိုးခွင့်ရရှိခဲ့ပါက ဆန်တန်ချိန် သန်း ၅၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လူဦးရေ သန်း၂၀၀ ကို စားနပ်ရိက္ခာဖူလုံအောင် လုပ်ဆောင်ပေးနိုင်မည်ဖြစ် ကြောင်း၊ ယင်းပမာဏသည် တရုတ်နိုင်ငံဆန်ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။ ရေငန်တွင် စိုက်ပျိုးထွက်ရှိသည့် ဆန်သည် ကယ်လ်ဆီ ယမ်ဓာတ်ပိုမိုပါဝင်သည့်အပြင် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုသည်ဟု ဆိုသည်။

 

 

မယ်သီတာ