Main menu

Background

ဆန်ကိုအဓိကထား စားသုံးနေမှုအား လျှော့ချရန် အင်ဒိုနီးရှားအစိုးရက ပြည်သူများအား တိုက်တွန်း

Tue, 10/31/2017 - 18:18 -- journal_editor

      ဆန်ကို အဓိကထား၍ စားသုံးနေမှုအား လျှော့ချရန် အင်ဒိုနီးရှား အစိုးရက ပြည်သူများအားတိုက်တွန်းခဲ့ကြောင်း ဂျကာတာပို့စ်တွင်ဖော်ပြ ထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင် လူတစ်ဦးချင်း ဆန်စားသုံးမှုနှုန်းသည် အခြားေ သာ အာရှနိုင်ငံများထက် ပိုမိုမြင့်တက်နေသဖြင့် အခြားသောနည်း လမ်းများဖြင့် ကာဗိုဟိုက်ဒရိတ်ရရှိစေမည့်နည်းလမ်းများကို ရှာဖွေကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ဥအမျိုးမျိုးစိုက်ပျိုးခြင်းကို မြှင့်တင်ေ ပးမည်ဖြစ် ကြောင်း၊  အထူးသဖြင့် ဝဥ၊ အာတာလွတ်၊ ပီလောပီနံ၊ ပြောင်းဖူးနှင့်သာကူစေ့ ကဲ့သို့သော အသီးအနှံများကို စားသုံးသည့်အလေ့အထများကို ပြောင်းလဲ ကြရမည်ဖြစ်ကြောင်း၊ အဆိုပါဥအမျိုးနှင့် အသီးအနှံများ သည်လည်း ကာဗို ဟိုက်ဒရိတ်များကို ပေးစွမ်းနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
       အင်ဒိုနီးရှားနိုင်ငံတွင် လူတစ်ဦးချင်း ဆန်စားသုံးမှုနှုန်းသည် တစ်နှစ်  လျှင် ၁၂၄ ကီလိုဂရမ်ရှိကြောင်း၊ တောင်ကိုရီးယားပြည်သူများ၏တစ်နှစ် ဆန်စားသုံးမှုနှုန်းမှာ ကီလိုဂရမ် ၄၀ရှိပြီး ဂျပန်ပြည်သူများမှာ ကီလိုဂရမ် ၅၀ ရှိကြောင်း၊ ထိုင်းပြည်သူများမှာ ကီလိုဂရမ် ၇၀ ရှိပြီး  မလေးရှားပြည် သူများမှာ ကီလိုဂရမ် ၈၀ ရှိကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ ဂျကာတာပို့စ်တွင် ဖော်ပြထားသည်။ အင် ဒိုနီးရှားနိုင်ငံတွင် တစ်ဦးချင်းဆန်စားသုံးမှုနှုန်းထားသည် မြင့် မားနေသော်လည်း ၂၀၁၀ ခုနှစ်က ဆန်စားသုံးမှုနှုန်းနှင့်နှိုင်းယှဉ်ပါက ဆန် စားသုံးမှုနှုန်းကို လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။ အင်ဒိုနီးရှားအစိုးရ အနေဖြင့် လာမည့်နှ စ်တွင် တစ်ဦးချင်းဆန်စားသုံးမှု နှုန်းကို ဆက်လက်လျှော့ချမည်ဖြစ်ရာ တစ်နှစ်လျှင် ကီလိုဂရန် ၉၀ အထိ လျှော့ချမည်ဖြစ်ကြောင်း Food Sovereignty Agency မှ Agung က ပြော ကြားခဲ့သည်။

 

မယ်သီတာ