Main menu

Background

မလေးရှားနိုင်ငံက တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရန် စီစဉ်

Fri, 12/08/2017 - 11:52 -- journal_editor

        တရုတ်လူမျိုးများသည် အနံ့စူးရှပြီး အရသာကောင်းမွန်သည့် ဒူးရင်းသီး များကို ကြိုက်နှစ်သက်ကြသဖြင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် စီစဉ်လျက် ရှိကြောင်းသိရသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဒူးရင်းသီး တင်သွင်းမှုပမာဏသည် လွန်ခဲ့ သည့် ၁၀ နှစ်ကထက် ၂၆ ရာခိုင် နှုန်းမြင့်တက်ခဲ့ကာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏စာရင်း ကောက်ယူမှုများအရ သိရသည်။
မလေးရှားဒူးရင်းသီးစိုက်ပျိုးသူများသည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် ယခုလအတွင်းက ကျင်းပသည့် ဒူးရင်းသီးပွဲတော်တွင် ပါဝင်ပြသခဲ့ရာ တရုတ် လူမျိုး ၁၆၅၀၀၀ က မလေးရှားဒူးရင်းသီး၏ အနံ့နှင့်အရသာကို ကြိုက်နှစ် သက်ကြကြောင်း၊ အထူးသဖြင့် ကြျညေါ ုငညါ မျိုးကို ပိုမိုကြိုက်နှစ်သက်ကြသည်ဟု ဆိုသည်။
        "အခုဆိုရင် တရုတ်နိုင်ငံမှာ အုပ်စု နှစ်စုကွဲနေတယ်။ အိုင်ဖုန်းအိတ်ခ်စ် ကို ကြိုက်နှစ်သက်တဲ့အုပ်စုနဲ့ မလေးရှား ဒူးရင်းသီးကို ကြိုက်နှစ်သက်တဲ့အုပ်စု ဆိုပြီးတော့ အုပ်စုနှစ်စု ကွဲနေတယ်"ဟု မလေးရှားနိုင်ငံ လယ်ယာ စိုက်ပျိုးရေး နှင့် လယ်ယာစိုက်ပျိုးရေးအခြေခံစက်မှုဝန်ကြီးဌာန ဝန်ကြီး အာမက်ရှာဘရီချက်က ပြောကြားခဲ့သည်။မလေးရှားနိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်လူမျိုးများသည် မလေးရှားဒူးရင်းသီးကို နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း၊ သို့သော် ဒူးရင်း သီးများကို ဟိုတယ်များ၊ လေဆိပ်များနှင့် အများပြည်သူသွားလာသည့် နေရာ များသို့ ယူဆောင်သွားခွင့်မပြုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ အထင် ကရအွန်လိုင်း ဈေးဝယ်စင်တာဖြစ်သည့် အလီဘာဘာတွင် ဒူးရင်းသီးနှင့်ဒူးရင်းသီးဖြင့် ပြုလုပ်ထားသည့် စားသောက်များ အများအပြား ရောင်းချလျက်ရှိသည်။ မလေးရှားနိုင်ငံတွင် ဒူးရင်းသီး စိုက်ပျိုးသူပေါင်း ၄၅၅၀၀ ရှိသည်။

 

မယ်သီတာ