Main menu

Background

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မည်ဟု ဗီယက်နမ်ဝန်ကြီးချုပ်ဆို

Fri, 12/15/2017 - 11:33 -- journal_editor

      ဗီယက်နမ်နိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီစက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်  စီးပွားရေးကို ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု၊ အရည်အသွေး၊ ကျွမ်းကျင်မှုနှင့် ယှဉ်ပြိုင်မှု တို့ကို ဦး တည်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်က ပြောကြားခဲ့သည်။ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှန်ဖုန်သည် ဗီယက်နမ် နိုင်ငံတွင်ကျင်းပသညSmart Industry World 2017 တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
        စတုတ္ထစက်မှုတော်လှန်ရေးသည် ဗီယက်နမ်နိုင်ငံ၏ချမ်းသာကြွယ်ဝမှု အိပ်မက်ကို အကောင်အထည်ဖော်ရန် အတွက် အခွင့်အလမ်းများကို မိတ်ဆက်ပေးခြင်းပင်ဖြစ် ကြောင်း ဖုန်က ပြောကြားခဲ့သည်။ ထို့ကြောင့် ဗီယက် နမ်အစိုးရအနေဖြင့် သတင်းအချက် အလက် အခြေခံအဆောက်အဦစနစ်နှင့် ဆက်သွယ်မှုဆိုင် ရာ နည်းပညာများတွင် ခေတ်မီလာအောင် ရင်းနှီးမြှုပ်နှံကြရ မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံသည့်  ခေတ်မီ စက်မှုလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးအောင်လုပ်ဆောင်နေ စဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် ဆော့ဖ်ဝဲလုပ် ငန်းနှင့် သတင်းအချက်အလက်များ လုံခြုံရေးနှင့်ကာကွယ် ရေးတို့ကိုလည်း ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ေ ကြာင်း ဖုန်က ပြောကြားခဲ့သည်။
       ဗီယက်နမ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ် နည်းပညာရှင်ပေါင်း တစ်သန်းအထိ ရရှိလာစေရန် ရည်မှန်းချက်ထား၍ လုပ်ဆောင်လျက်ရှိသည်။ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန်၊ အထွေထွေပညာေ ရး၊ အသက်မွေး ဝမ်းကျောင်းပညာရေးနှင့် တတိယအဆင့်ပညာရေးတို့အပါ အဝင် စတုတ္ထစက်မှုတော်လှန်ရေးနှင့် ဆက်စပ်နေသည့် ကဏ္ဍများအား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်၊ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုစ တင်ခြင်းတို့ကို မြေတောင် မြှောက်ပေးရန်ဟူသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အဆိုပါ The Smart Industry World 2017 အခမ်း အနားကို အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများနှင့်ပူးတွဲ၍ ကျင်းပခြင်းြ ဖစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ လေးခုကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း၊ ငွေကြေးဆိုင်ရာ နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်း၊ ခေတ်မီစက်မှုလုပ်ငန်း၊ စက်ရုပ်နှင့် အလို အလျောက်ပြုလုပ်သည့်စက်များမှ ပြည်တွင်း၊ ပြည်ပလုပ် ငန်းပေါင်း ၅၀ ခန့်မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

 

မယ်သီတာ