Main menu

Background

တရုတ်-လာအို မီးရထားလမ်း၏ ပထမဆုံးလိုဏ်ခေါင်းကို တည်ဆောက်ပြီးစီး

Thu, 12/21/2017 - 14:20 -- journal_editor

       တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ကို ဆက်သွယ်ပေး မည့် ပထမဆုံးလိုဏ်ခေါင်းကို လာအိုနိုင်ငံ ဗီယန်ကျင်း ပြည်နယ်တွင် တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ လိုဏ်ခေါင်း၏အရှည်မှာ ၃၀၁ မီတာ ရှည်လျားပြီး တရုတ်-လာအို မီးရထားလမ်း၏ ပထမဆုံးလိုဏ်ခေါင်း တစ်ခုဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော် ပြခဲ့သည်။ အဆိုပါလိုဏ်ခေါင်းကို စီနိုကော်ပိုရေးရှင်းအင် ဂျင်နီယားရင်းဗျူရို ၁၅ ကုမ္ပဏီက တည်ဆောက်ပေးခြင်း ဖြစ် သည်။ ယင်းကုမ္ပဏီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Bai Jian က လိုဏ်ခေါင်းကို အဆင့်မြင့်အရည်အသွေးမြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံမှုကိုဦးစားပေးပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လို ဏ်ခေါင်းကို  စတင်တည်ဆောက်စဉ်ကတည်းက စီမံကိန်းဌာနအနေဖြင့် လိုဏ်ခေါင်း၏ ဒီဇိုင်းနှင့် လိုဏ်ခေါင်းအတွက် လိုအပ်ချက်များကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခဲ့ကြောင်း၊ အရည်အသွေး နှင့် လုံခြုံစိတ်ချရမှုကို ဦး စားပေးပြီး ဆောင်ရွက်ခဲ့ကြောင်း စီနိုကော်ပိုရေးရှင်းအင်ဂျင်နီယားရင်းဗျူရို၁၅ကုမ္ပဏီ၏စီမံကိန်းမန်နေဂျာ ဃ့နညါ ဏငညါကြည က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။
        "လာအိုနိုင်ငံရဲ့ အရေးပါတဲ့စီမံကိန်းကြီးတစ်ခုဖြစ် တဲ့ မီးရထားလမ်းဖောက်လုပ်ရေးနဲ့ လိုဏ်ခေါင်းဆောက် လုပ်ရေးတို့မှာပါဝင်ခွင့်ရခဲ့တဲ့အတွက် တကယ့်ကို ဂုဏ်ယူ မိပါတယ်။ ဒီမီးရထားလမ်းဟာ အနာဂတ်ကာလမှာ လာအိုပြည်သူတွေအတွက် ကုန်ပစ္စည်းတွေ သယ်ဆောင် ရာမှာ အရေးပါလာမှာဖြစ်သလို အကျိုးရှိတဲ့ရထားလမ်း တစ်လမ်းဖြစ်လာမှာပါ"ဟု လာအိုစကားပြန်တစ်ဦး ဖြစ်သူ  Cheng Pingjun က ပြောကြားခဲ့သည်။ တရုတ်-လာအိုမီးရထားလမ်းသည် နှစ်နိုင်ငံခေါင်း ဆောင်များအကြား တည်ဆောက်ခဲ့သည့် ရင်းနှီးချစ် ကြည်မှုဆိုင်ရာ စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး လမ်းကြောင်းတစ်လျှောက် တံတား များ၊ ကားလမ်းများနှင့် အခြားသော သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးခဲ့ရသည်။ တရုတ်-လာအိုမီးရထားလမ်းသည် ၄၁၄ ကီလိုမီတာရှည်လျားပြီး ယူနန်ပြည် နယ်ရှိ မိုဟန်နှင့်လာအို နိုင်ငံ မြောက်ပိုင်းရှိ ဘိုတန်နယ်စပ်ဂိတ်နှစ်ခုကို ဆက် သွယ်ပေးမည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ အဆိုပါ ရထားလမ်း ဖောက်လုပ်ပြီးစီးပါက တစ်နာရီလျှင် ကီလို မီတာ ၁၆၀ နှုန်းဖြင့်ရထားများ ပြေးဆွဲ သွားနိုင်ရန် စီမံ ထားကြောင်း သိရသည်။ ယင်းရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ် နိုင်ရန်မျှော်လင့်ထား ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

 

မယ်သီတာ