Main menu

Background

အိန္ဒိယနိုင်ငံက အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်

Thu, 12/21/2017 - 14:27 -- journal_editor

     အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယ-အာဆီယံပူးတွဲတည်ထောင်မှု ၂၅ နှစ် ပြည့်အခမ်းအနားတွင် အိန္ဒိယနိုင်ငံရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ြ ကီး Dharmendra Pradhan က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။ "အာဆီယံဒေသတွင်းနိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါပဲ။ ဒါကြောင့် အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ဖို့နဲ့ အိန္ဒိယ နိုင်ငံရဲ့နက်ရှိုင်းတဲ့ သံတမန်ဆက်သွယ်မှုနဲ့အတူ အာဆီယံဒေသတွင်းနိုင်ငံများရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တိုးမြှင့်လုပ် ဆောင်သွားမှာဖြစ်ပါတယ်"ဟု နယူးဒေလီတွင် ကျင်းပခဲ့ သည့် အဆိုပါညီလာခံ တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
         "ကျွန်တော်တို့ရဲ့အရှေ့မျှော်မူဝါဒဟာ အိန္ဒိယနိုင်ငံနဲ့နိုင်ငံရဲ့ အရှေ့မြောက် ဒေသမှာရှိတဲ့ ဒေသတွင်းနိုင်ငံတွေကို ပေါင်းကူးပေးမယ့်အခြေအနေကို ရောက်ရှိ လာမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွက် အာဆီယံဈေးကွက် ဟာ တောက်မယ့် မီးခဲတရဲရဲဆိုသလိုပါပဲ"ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုတို့သည် ဖြည်းဖြည်းမှန်မှန်တိုးတက်လျက်ရှိသည်။အိန္ဒိယနိုင်ငံသည် အာဆီယံ ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် သတ္တမနေရာတွင် ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ စုစုပေါင်းကုန်သွယ်မှု၏ ၁၀ ဒသမ၂ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် အာဆီယံသည် အိန္ဒိယနို င်ငံနှင့်ကုန်သွယ်မှုပြုရာတွင် စတုတ္ထမြောက် နေရာ၌ ရပ်တည်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံ များအသင်း(အာဆီယံ)တွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊  မလေးရှား၊ ဘရူနိုင်း၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နိုင်ငံတို့ပါဝင်သည်။

 

မယ်သီတာ