Main menu

Background

တောင်ကိုရီးယားဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ဗီယက်နမ်ပင်လယ်စာ ပို့ကုန်လုပ်ငန်းရှင်များ မျှော်လင့်

Thu, 12/28/2017 - 11:11 -- journal_editor

       ဗီယက်နမ်နိုင်ငံက ထုတ်လုပ် သည့်  ပင်လယ်စာထုတ်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း   အမေရိကန် ဒေါ်လာ ၄၇၅ သန်းဖိုး တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၂၇ ရာခိုင် နှုန်း ပို မိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ် နယူးစ်တွင်ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပင်လယ်စာထုတ်ကုန်များ တင်ပို့လျက်ရှိသည့် ဗီယက်နမ်နိုင်ငံမှ Nha Trang Seafood (F17) ကော်ပိုရေးရှင်းသည် ယခုနှစ် ပထမခြောက် လအတွင်း တောင်ကို ရီးယားနိုင်ငံသို့ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်  ရရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၅ သန်းရရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။

           သို့သော် ဗီယက်နမ်နိုင်ငံရှိ ပင် လယ်စာထုတ်လုပ်တင်ပို့သည့် အခြား သော ကုမ္ပဏီအများစုကမူ  အမေ ရိကန်၊ ဥရောပ၊  ဂျပန်နှင့်  တရုတ် နိုင်ငံတို့သို့ ပိုမိုတင်ပို့နိုင်ရန် ရည်မှန်း ချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။ တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ် နိုင်ငံ၏ ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံများစာရင်းတွင် စတုတ္ထနေရာ၌သာ ရပ်တည်နေသည့်နိုင်ငံဖြစ်သည်။ ၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ် နိုင်ငံအနေဖြင့် ပင်လယ်စာ ပို့ကုန်တင် ပို့မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁၇ သန်းရှိခဲ့ပြီး ယခင်နှစ်ကထက် ၅ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း  ဗီယက်နမ် ပင်လယ်စာထုတ်လုပ်တင်ပို့ သူများအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပင်လယ်စာထုတ် ကုန် များအနက် ပုစွန်၊ ရေဘဝဲအသေးနှင့် Juichi cuttlefish တို့ဖြစ်ကြောင်း၊  အေးခဲပင်လယ်စာထုတ်လုပ်တင်ပို့မှုသည် ၆၉ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဆင့်တက်ပြု ပြင်ထုတ်လုပ်ထားသည့် ပင်လယ်စာ တင်ပို့မှုသည် ၃၀ ဒသမ ၃ ရာခိုင် နှုန်း ရှိကြောင်း အဆိုပါသတင်းတွင် ဖော် ပြထားသည်။

         ဗီယက်နမ်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်အရ  ပင်လယ်စာထုတ်ကုန်များ အပါအဝင် အခြားသောထုတ်ကုန်များ အား ဦးစားပေး အခွန်ကင်းလွတ်ခွင့် များရရှိနိုင်မည်ဖြစ်သည်ဟု ဆို သည်။ တောင်ကိုရီးယား ပြည်သူများ သည် ယခင်က အသားကိုသာ စားသုံး နေရာမှ ယခုအခါတွင် ပင်လယ်စာများ ကို ပိုမိုစားသုံးလာကြသဖြင့် တောင်ကို ရီးယား ပင်လယ်စာဈေးကွက်သည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း Nha Trang တက္ကသိုလ်မှ ဒုတိယဥက္ကဋ္ဌ Khong Trung Thang က ပြောကြားခဲ့သည်။

 

မယ်သီတာ