Main menu

Background

၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းများ အခြေခိုင်ခိုင်မာမာဖြင့် တာထွက်မည်

Fri, 02/09/2018 - 13:21 -- journal_editor

            ကမ္ဘာ့နိုင်ငံအများစုတွင် ကုန်ထုတ်လုပ်ငန်းများ အရှိန် အဟုန်ရလာပြီး နှစ်ပေါင်းများစွာအတွင်း တိုးတက်မှုအမြင့် ဆုံးအနေအထားကို ရရှိထားသဖြင့် ကမ္ဘာတစ်လွှားရှိ စက်ရုံ အများစုမှာ ယခုနှစ်တွင် ခိုင်ခိုင်မာမာဖြင့် လုပ်ငန်းများကို စတင်သွားမည်ဖြ စ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ဥရောပနှင့် အာရှဒေသတို့တွင်ပြုလုပ်ခဲ့သော စစ်တမ်းများအရ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ထုတ်ကုန်များမှာ  အခြေခံခိုင်မာလျက်ရှိပြီး ယခုနှစ်အတွင်း ကမ္ဘာ့ကုန်ထုတ် လုပ်မှုလုပ်ငန်းတစ်ခုလုံးသည် တစ်ပြေးညီ တိုးတက်လာ လိမ့်မည်ဟူသော မျှော်လင့်ချက်ကို ပိုမိုခိုင်မာလာစေခဲ့သည်။ ထိုကဲ့သို့ တိုးတက်လာမှုကြောင့် ကမ္ဘာ့စတော့ဈေးကွက် အများအပြားကို စံချိန်တင်သို့မဟုတ် စံချိန်တင်နီးပါး တိုး တက်စေနိုင်သည်။ ၂၀၁၇ ခုနှစ်က ယူရိုဇုန်စီးပွားရေး သည် အံ့သြဖွယ် ကောင်းအောင် မြင့်တက်ခဲ့ပြီး ယခုနှစ်တွင်လည်း ထိုကဲ့သို့ တိုးတက်လာမည့် လက္ခဏာများရှိလာသည်ကို ဥရောပဗဟို ဘဏ်က ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။
          ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံပါဝင်သောအုပ်စု၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှာ ၂၀၁၈ ခုနှစ်အဝင်တွင် ဖွံ့ဖြိုး ထွန်းကားလျက်ရှိပြီး ဇန်နဝါရီလတွင် ကုန်ထုတ်လုပ်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း လအလိုက် ကုန်ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ခဲ့သည်။ ဖေဖော်ဝါရီလမှာလည်း အလုပ်အကိုင်ကောင်းမည့် အလားအလာကို ညွှန်ပြနေပြီး အမှာစာသစ်များ လည်း စံချိန်တင်လုနီးပါး မြင့်တက်လျက်ရှိသည်။ စီးပွားရေး လုပ်ငန်းများမှာလည်း အနည်းဆုံးငါးနှစ် အတွင်း အလား အလာအကောင်းဆုံးဖြစ်နေသည်။ အာရှဒေသ တွင် ကုန်ထုတ်လုပ်မှုအခိုင်အမာဆုံး တိုး တက်နေသည်မှာ နည်းပညာပို့ကုန် လုပ်ငန်းများဖြစ်သည်။ စမတ်ဖုန်းများ  အဆင့်မြှင့်တင်မှု၊ စက်မှုသုံးစက်ရုပ်များ၊ ကားနှင့် ဘစ်ကွိုင်ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများကို ဖန်တီးရန် ယန္တရားများအတွက် အသုံးပြု မည့်ပစ္စည်းအဖြစ် ဝယ်လိုအား မြင့်မားလာသည့်အတွက် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၏ ရောင်းလိုအားမှာ ဆက်လက်မြင့် တက်လျက် ရှိသည်။ ဂျပန်နိုင်ငံတွင်လည်း မားကစ်နှင့် နီကေးတို့၏ စားသုံးသူအညွှန်းကိ န်းမှာ လေးနှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည် တရုတ်(တိုင်ပေ)၏ စားသုံးသူ အညွှန်းကိန်းများသည် ၂၀၁၁ ခုနှစ် ဧပြီလမှစ၍ မြင့်တက် ခဲ့သည်။ တောင်ကိုရီးယား နိုင်ငံမှာလည်း ပြည်တွင်း၊ ပြည်ပ အမှာစာများ မြင့်တက်မှု ကြောင့် စက်မှုကုန်ထုတ်လုပ်မှုပြန်လည်မြင့်တက်လာခဲ့သည်။
         လေထုညစ်ညမ်းမှုနှင့် ဘဏ္ဍာရေး စွန့်စားမှုများကို နှိမ်နင်းလျက်ရှိသော တရုတ်နိုင်ငံ၌ပင်လျှင် ဇန်နဝါရီလ အတွင်းက စက်မှုကုန်ထုတ်လုပ်မှုများ ယေဘုယျအားဖြင့် ကောင်းမွန်လျက်ရှိသည်။ သို့သော်လည်း ထိုသို့နှိမ် နင်းမှုက နောက်ဆုံးတွင် စီးပွားရေး လုပ်ငန်း  ဆောင်ရွက်မှုများကို ဖိအားပေးလာနိုင်ကြောင်း စီးပွားရေးပညာရှင်တို့က ယူဆထားသည်။ သို့သော်လည်း အာရှစီးပွားရေးများ၏ အလားအလာမှာ အမေရိကန်ပြည်ထောင်စု၏ ကုန်သွယ်ရေးကိုယ်ကျိုး စီးပွားကာကွယ်မှုနှင့် ပတ်သက်သော စိုးရိမ်မှု များကြောင့် မှေးမှိန်နေဆဲဖြစ်သည်။ ယခုအချိန်တွင် ထရမ့်အစိုးရသည် ယခင်နှစ်က ပြင်းပြင်းထန်ထန် ပြောခဲ့သောစကားများကို လက်တွေ့အကောင် အထည်ဖော်လာသည့်အတွက် ယခုကဲ့သို့ စိုးရိမ်ရခြင်းဖြစ်သည်။

 

ဉာဏ်တင်