ထိုင်းနိုင်ငံအစိုးရအနေဖြင့်၎င်းး၏တောင်သူလယ်သမားများကိုခိုင်မာစွာထောက်ပံ့နိုင်ရေးကြိုးပမ်းမှုတစ်ခု အဖြစ် အစိုးရအချင်းချင်းပူးပေါင်း၍ တိုက်ရိုက်ဆန်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာထိုင်းအစိုးရအာဏာပိုင်များမှအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။
အချို့အာရှနိုင်ငံတွေမှာ ဆန်တင်ပို့မှုကို အစိုးရကပဲ အဓိကလုပ်ဆောင်နေတာပါ။ ဒီနိုင်ငံတွေကို ထိုင်း နိုင်ငံကလည်းသွားရောက်ညှိနှိုင်းဖို့စိတ်ဝင်စားနေတယ်။ထိုင်းပုဂ္ဂလိကကုမ္ပဏီတွေဆန်ပိုမိုတင်ပို့ရောင်းချနိုင် အောင် အစိုးရ က ကူညီ ပေးမှာဖြစ်သလိုထိုင်းအစိုးရကလည်းအစိုးရအချင်းချင်းကုန်သွယ်မှုလမ်းကြောင်းကနေ ဆန်ရောင်းချလိုတယ်ဆိုတာကို သိစေချင်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြား ကုန်သွယ်ေ ရး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Mr. Adul Chotinisakornက ပြောခဲ့သည်။ထိုင်းအစိုးရသည် အီရတ်၊အီရန်စသော အရှေ့အလယ် ပိုင်းဒေသများနှင့်ညှိနှိုင်းဆောင်ရွက်နိုင်ဖွယ်ရှိပြီး အဆိုပါ နိုင်ငံများသို့ နှစ်စဉ် ဆန်တန်ချိန် ၁ မီလီယံခန့်စီ လောလော ဆယ် တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ထိုင်းအစိုးရသည်အစိုးရ အချင်းချင်းဆန်ကုန်သွယ်မှုပြုရန်စိတ်အား ထက်သန်နေသော်လည်းတင်ပို့မည့်နည်းလမ်း များနှင့်ေ ငွပေးချေ မှုပုံစံများ သည်ညှိနှိုင်းဆောင်ရွက်မှုပြုရန်ခက်ခဲသည့်အနေအထားတွင်ရှိနေသေးကြောင်းသိရသည်။
ကြည်သာသစ်နိုင်