Main menu

Background

ဗီယက်နမ်နိုင်ငံသည် ကော်ဖီထုတ်ကုန်တန်ဖိုးအား မြှင့်တင်ရန်ဆောင်ရွက်နေ

Mon, 09/03/2018 - 15:45 -- journal_editor

    ဗီယက်နမ်နိုင်ငံရှိ အလယ်ပိုင်း ကုန်းမြင့်ဒေသတစ်ခုဖြစ်သောDak Lakစီရင်စုသည်နိုင်ငံ၏ အဓိကကော်ဖီ စိုက်ပျိုးသည့်ဒေသတစ်ခု ဖြစ်သော်လည်း ယင်းဒေသ၏ ကော်ဖီထုတ်လုပ်မှုသည် နိုင်ငံအတွင်း ကော်ဖီစေ့ထုတ်လုပ် မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအောက်ရှိ ထုတ်လုပ်မှုနှင့် ဈေး ကွက်ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်က ၂၀၂၀ ခုနှစ်တွင် Dak Lakစီရင်စု ၏ ကော်ဖီစေ့ထုတ်လုပ်မှုကို၂၅ ရာခိုင်နှုန်း ကျော်အထိ ပိုမိုထုတ်လုပ်ခြင်းဖြင့် နိုင်ငံ ၏ကော်ဖီထုတ်ကုန် များ၏ တန်ဖိုးကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။ဗီယက်နမ် နိုင်ငံသည် အဓိက အားဖြင့် ပြည်တွင်းတွင် ရောင်းချရန် အတွက် လက်ရှိအချိန်တွင် လှော်ပြီး သား ကော်ဖီထုတ်လုပ်မှု တန်ချိန် ၂၆၀ဝ၀ ရှိရာမှ ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၅၀ဝဝဝ အထိ တိုးမြှင့် ထုတ် လုပ်ရန် မျှော်မှန်း ထားပါသည်။ အဆိုပါဝ န်ကြီးဌာနသည် အထူး သဖြင့် အလယ်ပိုင်းကုန်းမြင့်ဒေသ၊ အရှေ့တောင်ပိုင်းဒေသနှင့် မဲခေါင် မြစ်ဝကျွန်းပေါ် ဒေသများရှိ ကော်ဖီ စိုက်ပျိုးသည့် ဒေသများကို နှစ်စဉ် အသင့်သောက်သုံး ကော်ဖီထုတ်လုပ်မှု တန်ချိန် ၅၅၀ဝ၀ ခန့်အထိ အဆင့်မြင့် နည်းပညာ အသုံးပြု၍ ထုတ်လုပ်ကြရန် အားပေးဆောင်ရွက် နေပါသည်။

 Dak Lak စီရင်စု၏ ကော်ဖီစေ့ ထုတ်လုပ်မှုသည် နိုင်ငံ၏ စုစုပေါင်း ကော်ဖီစေ့ ထုတ်လုပ်မှုတွင် ရာခိုင်နှုန်း ပါဝင်မှု အတော်အသင့်သာရှိသော် လည်း နိုင်ငံ၏ကော်ဖီထုတ်လုပ်မှုကဏ္ဍတစ်ခုလုံးရှိ ထုတ်လုပ်မှု တန်ဖိုး တွင် လေးပုံတစ်ပုံရှိမည့်ပို့ကုန်နှင့် ပြည်တွင်း ရောင်းချမှုများမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ထိရရှိလာမည်ဟု မျှော် မှန်းထားပါသည်။ ဝန်ကြီးဌာနက ဤ အခြေအနေသည် ထုတ် ကုန်တန်ဖိုးမြှင့် တင်ရန် ဆောင် ရွက်ခြင်းမှတစ်ဆင့် ကော်ဖီ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်မှုများ ကို  ဖိတ်ခေါ်ရန်အား  ပေးနိုင်မည်ဟု ပြောကြားပါသည်။

ဗီယက်နမ်အစိုးရသည် ကော်ဖီ တင်ပို့သည့် လုပ်ငန်းများအား လည်းကောင်း လုပ် ငန်းများမှ ဝန်ထမ်းများကို စွမ်းဆောင် ရည်နှင့် အင်္ဂလိပ်စာ အရည်အချင်း တိုးတက်စေရန် သင်တန်းများ ပြုလုပ် ပေးခြင်းအပြင် ပြပွဲများ၊ အပြည်ပြည် ဆိုင်ရာ ကော်ဖီအလုပ်ရုံ ဆွေးနွေးပွဲများ တွင် ပါဝင် တက်ရောက် စေခြင်း၊ ကော်ဖီ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်ခြင်း၊ဖက်စပ်လုပ်ငန်းများ တည်ေ ထာင်ခြင်း၊supply chain တစ်ခုလုံးတွင်ပါဝင် ဆောင်ရွက် လာနိုင်စေ ရန်တို့အတွက် ကူညီပံ့ပိုးပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။

Dak Lak စီရင်စု၏ ကော်ဖီ ထုတ်လုပ်မှုသည် ကော်ဖီစေ့ တစ်တန် ၏ တန်ဖိုးကို ဗီယက်နမ်ဒေါင် သန်း ၇၀ မှ သန်း ၁၀ဝ (အမေ ရိကန်ဒေါ်လာ ၃၀ဝ၄ မှ ၄၂၉၁) အထိ အမြင့်ဆုံး တန်ဖိုး ထပ်တိုးမှု ကိုဖြစ်ပေါ်စေမည်ဟု သိရှိရ ပါသည်။ သို့သော်လည်း လက်ရှိတွင် တစ်နိုင်ငံလုံး စုစုပေါင်း ကော်ဖီ ထုတ် လုပ်မှုတန်ဖိုးတွင် ၁၀ ရာခိုင်နှုန်းထက် လျော့နည်းနေပါသည်။ ဗီယက်နမ်နိုင်ငံ သည် တစ်နှစ်လျှင်တန်ချိန် ၃၆၄၈၀ ထုတ်လုပ်နိုင်သော အသင့်သောက် သုံး နိုင်သည့် ကော်ဖီထုတ်စက်ရုံ (၈)ခုနှင့် တန်ချိန် ၁၃၉၈၅၀ ထုတ်လုပ်နိုင်သော အသင့်သောက်သုံးနိုင်သည့် အရော ကော်ဖီထုတ် စက်ရုံ (၁၁)ခုသာ ရှိပါ သည်။ သို့ရာတွင် ဗီယက်နမ်နိုင်ငံသည် လှော် ပြီး သား ကော်ဖီ ထုတ်လုပ်သော အသေးစားစက်ရုံများ ရာနှင့်ချီ၍ ရှိပါ သည်။ Dak Lak စီရင်စုတွင် နိုင်ငံခြား ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ထားသော  စက်ရုံငါးခု  အပါအဝင် အသေးစားထုတ်လုပ်သော ကော်ဖီ စက်ရုံ  ၁၆၃ ရုံရှိပါသည်။ ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် ီ Dak Lak စီရင်စုသည်   အသင့်သောက် ကော်ဖီတန်ချိန်  ၄၄၂၆  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံခန့် ဝင်ငွေရရှိခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၆ဒသမ၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းထွက်ကုန်၏ ၂ ဒသမ ၂ ရာခိုင် နှုန်းထိ စာရင်းဝင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် စီးပွားဖြစ် စိုက် ပျိုးထုတ်လုပ်သည့် ကော်ဖီ စိုက်ပျိုးမြေ ၆၀၆၉၃၈ ဟက်တာ အပါအဝင် တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ပျိုးမြေ ၆၆၄၆၃၃ ဟက်တာကျော်ရှိပြီး၊ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄၀ဝ၀ ဟက်တာ ပိုမိုစိုက်ပျိုးလာပါသည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံသည် ကော်ဖီစေ့ တန်ချိန် ၁ဒသမ ၅၂၉ ဘီလီယံ ရိတ်သိမ်းခဲ့ပြီး အများစု မှာ အလယ်ပိုင်းကုန်းမြင့်ဒေသများမှ ဖြစ်ပါသည်။                 

    ညီဝင်းဇော်