Main menu

Background

အကောက်ခွန်များ ပိုမိုကောက်ခံခြင်းဖြင့် တရုတ်နှင့် ကုန်သွယ်မှုစစ်ပွဲကို တစ်ဖက်သတ်ဆင်နွှဲရန် ထရမ့်စီစဉ်

Fri, 09/07/2018 - 12:19 -- journal_editor

        အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုစစ်ပွဲကို လျင်မြန်စွာ အရှိန်မြှင့်ဆင်နွှဲရန် အသင့်ဖြစ်နေကြောင်းနှင့် အကောက်ခွန်နှင့်ပတ်သက်၍ အများပြည်သူ၏သဘောထား တောင်းခံထားသည့် ကာလတွင် လာမည့်ရက်သတ္တပတ် ကုန်ဆုံးသည်နှင့် အမေရိကန် ဒေါ်လာဘီလီယံ ၂၀၀ ဖိုးရှိ တရုတ်သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံရန် အသင့်ဖြစ်နေပြီဟု သူ၏လက်ထောက်များကို  ပြောကြားထားပြီးဖြစ်ကြောင်း သြဂုတ် ၃၀ တွင် အမည်မဖော်လိုသူ သတင်းရင်းမြစ်ခြောက်ခုနှင့် ငွေတန်ဖိုး ကျုံ့နေသော ဈေးကွက်များကို အကိုးအကားပြု၍ ဖော်ပြ သော ဘလွမ်းဘတ်၏ သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော် ကဝေဖန်ချက်ပေးရန် ငြင်းဆန် ခဲ့သည်။ စတန်းဒတ်အင်ပူးဝါး အညွှန်းကိန်းမှာကျဆင်းလျက်ရှိပြီး အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် အမေရိကန် ငွေတိုက်စာချုပ်များ၏ အတိုး နှုန်းမှာလည်း ကျဆင်းလျက်ရှိသည်။  
      ရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့ ခြင်းမှာ ကုန်သွယ်ရေး နှင့်ပတ်သက်၍ တင်းမာသော ၎င်း၏အယူအဆကြောင့်ဖြစ်သည်ဟု ထရမ့်က ယုံကြည်လျက်ရှိပြီး လက်ရှိကုန်သွယ်ရေးက အမေရိကန်အလုပ်သမားများကို နစ်နာေ စကာ နိုင်ငံခြား သား ပြိုင်ဘက်များကို မျက်နှာသာပေးလျက်ရှိသည်ဟု သူက ယူဆလျက်ရှိသည်။ အမေရိကန် ကုမ္ပဏီများအတွက် ဈေးကွက် အဆက်အသွယ်နှင့် ဉာဏပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးမှုများကို တိုးတက်ေ ကာင်းမွန်အောင် ဆောင် ရွက်ပေးရန်၊ စက်မှုလုပ်ငန်းထောက်ပံ့ကြေးများကို လျှော့ချရန်နှင့် ကုန်သွယ်မှုကွာဟချက် အမေရိကန် ဒေါ်လာ ၃၇၅ ဘီလီယံကိုလျှော့ချရန် အမေရိကန်အစိုးရက တရုတ်အစိုးရကို တောင်းဆိုလျက် ရှိသည်။
        အသစ်ပြဋ္ဌာန်းရန် အဆိုပြုထား သည့် အကောက်ခွန် ၂၅ ရာခိုင်နှုန်းက အိုးအိမ်ဆောက်လုပ်ရေးအတွက် ပေးသွင်း သောပစ္စည်းများ၊  နည်းပညာထုတ်ကုန်များ၊ စက်ဘီးနှင့် အထည်ချုပ် လုပ်ငန်းများကဲ့သို့သော လူသုံးကုန် ပစ္စည်းများကို ထိခိုက်နိုင်သည်။အဆိုပြုချက်နှင့် ပတ်သက်၍ အများ ပြည်သူဝေဖန်သုံးသပ်ချက်ပေးရမည့်ကာလမှာ စက်တင်ဘာ ၆ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဤနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်းမှသာ အကောက် ခွန်  ကောက်ခံရန် ထရမ့်က စီစဉ်မည်ဖြစ်ကြောင်း  ဘလွမ်းဘတ်သတင်းတွင် ဖော်ပြထားသည်။

 

စံမီအောင်