Main menu

Background

သီရိလင်္ကာနိုင်ငံသို့ ဧပြီလအတွင်း ခရီးသည် ၁၆၀၀၀၀ ကျော်ဝင်ရောက်

Mon, 05/20/2019 - 12:37 -- journal_editor

           သီရိလင်္ကာနိုင်ငံသို့ ဧပြီလအတွင်း ကမ္ဘာလှည့်ခရီး သည် ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော အီစတာပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးစဉ်ပေါင်း မြောက် မြားစွာကို ဖျက်သိမ်းခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့်နိုင်ငံအတွင်း ခရီးသည်ဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းမြှင့်တင်ရေး အာဏာပိုင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။
          သီရိလင်္ကာနိုင်ငံသို့  ဧပြီလအတွင်းက  ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု နည်းပါးခဲ့သော်လည်း ယခုနှစ် နှစ် ဆန်းပိုင်းမှ ဧပြီလအထိ သီရိလင်္ကာနိုင်ငံသို့  ကမ္ဘာလှည့်ခရီး သည် ကိုးသိန်းကျော်ဝင်ရောက်ခဲ့ရာ ယမန်နှစ် ပထမလေး လတာကာလနှင့်နှိုင်းယှဉ်ပါက ခရီးသည်ဝင်ရောက်မှု ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အီစတာပွဲတော်ကာလအတွင်း သီရိလင်္ကာနိုင်ငံ၌ လူပေါင်း ၂၅၀ ကျော် သေဆုံးပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့် ဇိမ်ခံဟိုတယ်အချို့နှင့်  ခရစ်ယာန် ဘုရားရှိခိုး ကျောင်းအချို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်တွင် သီရိ လင်္ကာနိုင်ငံ၏  ခရီးသွားလုပ်ငန်းအပေါ် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု  ရှိခဲ့သည်ဟုလည်း သတင်းများတွင် ရေးသားဖော်ပြထားသည်။အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ  ဖြစ်ပွားပြီး နောက် သီရိလင်္ကာနိုင်ငံရှိ ဟိုတယ်များ၌ တည်းခိုရန် ကြိုတင် စာရင်းပေးထားသည့်   ကမ္ဘာလှည့်ခရီးသွားများထဲမှ ၉၀ ရာခိုင်နှုန်းမှာ ၎င်းင်းတို့၏ခရီးစဉ်များကို ဖျက်လိုက်ကြကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံသို့ အများဆုံးဝင်ရောက်သည့် ခရီး သည်များမှာ ဗြိတိန်၊ ဂျာမနီ ၊ တရုတ်နှင့် သြစတြေးလျနိုင်ငံ တို့မှဖြစ်ပြီး အိမ်နီးချင်း အာရှနိုင်ငံများမှလည်း လာရောက်မှု ရှိကြောင်း သိရသည်။

 

ဟန်နေသစ်