Main menu

Background

အီးယူသို့ တရားဝင်သစ် တင်ပို့ရန် ဗီယက်နမ်အသင့်ဖြစ်

Mon, 05/20/2019 - 12:57 -- journal_editor

           သစ်တောဥပဒေ  လွှမ်းမိုးရေး၊ အုပ်ချုပ်ရေးနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (VPA/FLECT) အရ  ဇွန် ၁ ရက်မှစ၍ ပို့ကုန်အတွက် သာ ကန့်သတ်ထုတ်လုပ်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ဗီယက် နမ်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ VPA/FLECT ကို စစ်ဆေး အတည်ပြုသည့်လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဗီယက်နမ်သို့ လာရောက်သော အီးယူကိုယ်စား လှယ်အဖွဲ့နှင့် ဗီယက်နမ် လယ်ယာစိုက် ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့က မေ ၈ ရက်တွင် ကြေညာခဲ့သည်။
         VPA/FLECT ကိုအကောင် အထည်ဖော်ခြင်းမှာ တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကိုအတူ တကွ ပူးပေါင်းထိန်းချုပ်ရန် အီးယူနှင့် ဗီယက်နမ်တို့ ပူးပေါင်းချမှတ်ထားသော ကတိကဝတ် စတင်အကောင်အထည် ဖော်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း ဗီယက်နမ်သစ်တောအုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး  ငုယင်ကွပ်ထရီက ပြောသည်။ VPA/FLECTကို  အကောင် အထည်ဖော်ရန်အတွက် တရားဝင်သစ်ဖြစ်ကြောင်း အာမခံချက်ပေး သည့် စနစ် (VNTLAS) ကိုဗီယက်နမ်နိုင်ငံက တည်ထောင်ရမည်ဖြစ်သည်။ ဤစနစ် အရဗီယက်နမ်မှလာသော သစ်နှင့်သစ် တောထွက်ပစ္စည်းများသည် ဥပဒေနှင့် ညီညွတ်သောရင်းမြစ်များမှ လာကြောင်း အာမခံနိုင်မည်ဖြစ် သည်။ ယင်းစနစ် များတွင် ဗီယက်နမ်စီပွားရေး လုပ်ငန်း များသည် တရားဝင်ထုတ်လုပ်ထားသော သစ်များကိုသာ တင်သွင်းကြောင်းနှင့် သစ်ထုတ်လုပ်သောနိုင်ငံ၏ ဥပဒေကို လိုက်နာကာ ရောင်းဝယ်မှုရှိ မရှိ စစ် ဆေးနိုင်သည့်စနစ်များ ပါဝင်သည်။

 

စံမီအောင်