Main menu

Background

အာရှတစ်ဝန်းတွင် ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့နေသည့်အတွက် တရုတ်နှင့် ဗီယက်နမ်၌ ဝက်သန်းချီသုတ်သင်

Wed, 06/26/2019 - 13:20 -- journal_editor

      အာဖရိက ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန် အာရှနိုင်ငံများအား ကုလသမဂ္ဂအစားအစာအေဂျင်စီက တိုက် တွန်းထားသည့်အတွက် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝက်သန်း  ပေါင်းများစွာကို သုတ်သင်ခဲ့ရကြောင်း အေပီသတင်းတွင်ဖော်ပြသည်။ ကူးစက်ရောဂါသည် လာအို နိုင်ငံအထိ  ပြန့်ပွားနေကြောင်း ကုလသမဂ္ဂအစားအစာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ကြေညာချက် နှင့်အတူ     ယခုရောဂါပြန့်ပွားမှုမှာ သမိုင်းတွင်  အဆိုးရွားဆုံး  တိရစ္ဆာန် ရောဂါပြန့်ပွားမှုဖြစ်ကြောင်း ကျွမ်းကျင် သူတို့ကပြောသည်။
      တရုတ်နိုင်ငံတွင်   လွန်ခဲ့သော သြဂုတ်လမှစ၍  ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတွင်းရှိ ဝက်ကောင်ရေ ၃ ဒသမ ၇ သန်းကျော်ကို သုတ်သင်ခဲ့ရကြောင်း ဇွန် ၂၀ ရက်က ထုတ်ပြန်သော FAO ၏ အစီရင်ခံစာတွင် ဖော်ပြ သည်။ ဗီယက်နမ်နိုင်ငံမှာ   အဆိုးဆုံး ထိခိုက်ခံရပြီး အနည်းဆုံးဝက်ကောင် ရေ  ၂ ဒသမ ၆ သန်းကို သုတ်သင်ခဲ့ရ သည် ။ တရုတ်နိုင်ငံကမူ ဝက်ကောင်ရေ ၁ ဒသမ ၁ သန်းကို သုတ်သင်ခဲ့ရသည်။ ဤကိန်းဂဏန်းအားလုံးမှာ ကပ်ဘေး သင့်ခံခဲ့ရသော နိုင်ငံများ၏  အစိုးရများ ကပေးသော ကိန်းဂဏန်းများဖြစ်သည်။ သြဂုတ်လက တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်းတွင်  ပထမအကြိမ်ဖြစ်ပွား ကြောင်း  သတင်းများထွက်ပေါ်ပြီး နောက် ဟောင်ကောင်၊ ထိုင်ဝမ်၊ မြောက် ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် မွန်ဂိုလီး ယားတို့တွင်  အနည်းငယ်စီ ဖြစ်ပွားခဲ့ သည်။
     အာဖရိက ဝက်တုပ်ကွေးရောဂါ သည်  လူကိုအန္တရာယ်မဖြစ်စေသော် လည်း ဝက်များအတွက်မှာ အလွန်ပြင်း ထန်သောရောဂါဖြစ်ပြီး ကူးစက်လွယ် သည်။ ကုသရန်  ဆေးလည်းမရှိသေး ပေ။ ဝက်သားထုတ်လုပ်မှု အများ ဆုံး ဖြစ်သော  တရုတ်နိုင်ငံနှင့်  ဘေးဒဏ် အထိများသော    ဗီယက်နမ်နိုင်ငံတို့ တွင် ဝက်ကောင်ရေ အများအပြားကိုသုတ်သင်ခဲ့ရသည့်အတွက်   ဝက်သား ရောင်းလိုအား ကျဆင်းကာ ကမ္ဘာ့ဝက် သားဈေး ၄၀ ရာခိုင်နှုန်း မြင့်တက်ပြီး ဈေးထဲတွင် ဝက်သားပြတ်လပ်ခဲ့သည်။ ဝက်သားကိုအလေးထားစားသုံး သော  တောင်ကိုရီးယားတွင် ရောဂါ ပြန့်ပွားပါက  ဝက်မွေးမြူရေးလုပ်ငန်း ရှိဝက်ကောင်ရေ ၁၁ သန်းကို မွေးထား သော  မွေးမြူရေးခြံ   ၆၃၀၀၀  ကို ထိခိုက်နိုင်ဖွယ် ရှိနေသည်။

 

စံမီအောင်