Main menu

Background

အီးဗီဇာ လျှောက်ထားမှုအတွက် ဝက်ဘ်ဆိုဒ်များမှ လျှောက်ထားခြင်းကို ခွင့်မပြုတော့

Wed, 07/03/2019 - 10:45 -- journal_editor

      ပြည်တွင်းသို့ ပြည်ဝင်ခွင့်ရရှိရန်အတွက် အီးဗီဇာလျှောက်ထားရာတွင် ကြားခံဝန်ဆောင်မှုပေးသည့် ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ပြည် ဝင်ခွင့်အတွက် အီးဗီဇာ လျှောက်ထားရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အီးဗီဇာကို ဝန်ဆောင်ခ နှုန်းထား ကြီးမြင့်စွာကောက်ခံနေပြီး တစ်ဆင့်ခံဆောင်ရွက် မှုများရှိနေသည့်အတွက် www.ivisa.com မှ  တစ်ဆင့် လျှောက်ထားမှုများကို ငြင်းပယ်သွားမည်ဖြစ်သလို ဝက်ဘ်ဆိုဒ် အီးမေးလ်ဒိုမိန်းဖြစ်သည့် govereply.visa.com ဖြင့် အီးဗီဇာ လျှောက်ထားမှုများကိုလည်း ငြင်းပယ်သွားမည်ဖြစ် ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဇွန် ၂၁ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
    "အီးဗီဇာကိစ္စက အခကြေးငွေယူပြီး အတုလုပ်တာတွေရှိလို ကန့်သတ်လိုက်တာပါ။ ဖမ်းမိတာတွေလည်းရှိပါတယ်။ အဲဒါကြောင့် တရားဝင်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဌာနရဲ့ ဝက်ဘ်ဆိုဒ်ကနေပဲ လျှောက်ထားကြပါလို့ ပြောချင်ပါ တယ်"ဟု အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အီးဗီဇာ လျှောက်ထားလိုသူများ အနေဖြင့် တရားဝင် ဖြစ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့ အင်အားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် https://evisa.moip.gov.mm မှ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အီးဗီဇာစနစ်ကို ကမ္ဘာလှည့်ဗီဇာနှင့် နိုင်ငံပေါင်း ၁၀၀၊ စီးပွားေ ရးဗီဇာနှင့် နိုင်ငံ ပေါင်း ၅၅ နိုင်ငံကို ခွင့်ပြုထားပြီး အပြည်ပြည်ဆိုင်ရာလေဆိပ် သုံးခုအပြင် မြန်မာ- ထိုင်း၊ မြန်မာ- အိန္ဒိယ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ထွက်ပေါက်များမှ ဝင်ထွက်ခွင့်ပြုထားကြောင်း သိရသည်။

 

ချောစု