Main menu

Background

ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ

Wed, 07/03/2019 - 13:12 -- journal_editor

      စတင်  အကောင်အထည်ဖော် တော့မည့် နှစ်နိုင်ငံသဘောတူစာချုပ်အရဥရောပသမဂ္ဂ(အီးယူ) မှ သွင်းကုန်များ၏  ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင် ဆိုင်ရဖွယ်ရှိကြောင်း ဗီယက်နမ်နယူး အေဂျင်စီသတင်းတွင်ဖော်ပြသည်။ အီးယူ-ဗီယက်နမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (EVFTA) နှင့် အီးယူ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်  (EVIPA) များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။နှစ်နိုင်ငံ သဘောတူစာချုပ်များက  ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်သို့ ဂယက်ရိုက်ခတ်လာမည်ကို လေ့လာနိုင်ရန် ကွန်ဖရင့်တစ် ရပ်ကို  ဇွန် ၂၆ ရက်က ဟနွိုင်းမြို့တွင် ကျင်းခဲ့ရာ  ထိုကွန်ဖရင့် ၌ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး  ထရန်တူအမ် အန်းက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ် သည်။ပိုမိုဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံများမှ သွင်းကုန်များ၏ ယှဉ်ပြိုင်မှု တိုးတက်လာသည့်အတွက် ပေါင်းစည်းမှုက လုံးလုံးကြီး  ပွင့်လင်းစည်ပင်မှုရှိ မလာ နိုင်ကြောင်း အန်းကပြောသည်။
     "ယှဉ်ပြိုင်မှုဖိအားက ဝက်မွေးမြူ ရေးနဲ့ ကြံစိုက်ပျိုးရေးလို တချို့ကဏ္ဍ တွေမှာ လုပ်ငန်းကျဆင်းတာတွေဖြစ် စေနိုင်ပါတယ်"ဟု အန်းကပြောသည်။ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန် များသည် ကုန်များကိုငြင်းပယ်၍  ပြန် လည်တင်ပို့ခြင်း၊ ပို့ကုန်အခွင့်အရေး များဆုံးရှုံးခြင်း၊ သန့်ရှင်းရေးနှင့် ရောဂါ ကင်းစင်ရေး အကြောင်းပြချက်ဖြင့် အကြိမ်ကြိမ် စစ်ဆေးခံရခြင်း စသည့် ပြဿနာများနှင့်  ရင်ဆိုင်တွေ့ကြုံနိုင်ဖွယ်ရှိကြောင်းနှင့် ဂျပန်နှင့်အီးယူနိုင်ငံ များရှိ  ဈေးကွက်များမှ နည်းပညာအတားအဆီးများနှင့် ကြုံတွေ့နိုင်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။

 

စံမီအောင်