Main menu

Background

တောင်ကိုရီးယားနှင့်အာဆီယံတို့ သိပ္ပံပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနဖွင့်မည်

Wed, 07/03/2019 - 13:17 -- journal_editor

        ပညာရပ်ဖလှယ်ရန်နှင့် မူဝါဒမျှဝေရန်အတွက် သိပ္ပံပညာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနတစ်ခုတည် ထောင်ရန် တောင်ကိုရီးယားနှင့် အာဆီယံအဖွဲ့တို့ သဘောတူညီခဲ့ကြသည်ဟု  တောင်ကိုရီးယား သိပ္ပံပညာနှင့် အိုင်စီတီဝန်ကြီး ဌာနက ဇွန် ၂၈ ရက်ကပြောကြောင်း ကိုရီးယားဟာရယ်သတင်းတွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသော ကိုရီးယားအာဆီယံ သိပ္ပံနှင့် နည်းပညာပူးတွဲကော်မတီ၏ လေးကြိမ်းမြောက် အစည်း အဝေးတွင် သဘောတူညီချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဤအခမ်းအနားသို့  အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ သိပ္ပံနှင့်နည်းပညာမူဝါဒရေးရာကို ဦးဆောင်သူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။
      သိပ္ပံနှင့်နည်းပညာဗဟိုဌာန တည်ထောင်ခြင်းနှင့်အတူ ပညာရေးအစီအစဉ်တစ်ခုကို တည်ထောင်ရန်နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ထူးချွန်သူသိပ္ပံပညာရှင်များနှင့် နည်းပညာကျွမ်းကျင်သူတို့အား ဆုများချီးမြှင့်ေ ပးရန်လည်း သဘောတူခဲ့ ကြသည်။ နိုင်ငံ၏ တောင်ပိုင်းဒေသဆိုင်ရာမူဝါဒသစ်အရ ကုန်သွယ်မှုကိုဖြန့်ခွဲဆောင်ရွက်ရန်နှင့် စီးပွားရေးတိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ရန်ကြိုးပမ်းနေချိန်တွင် အာဆီယံနှင့်ဆက်ဆံရေးကို မြှင့်တင်ရန် တောင်ကိုရီးယားအစိုးရက ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယခုဆောင်ရွက်မှုပေါ်လာခြင်းဖြစ်သည်။

 

စံမီအောင်