Main menu

Background

စင်ကာပူတွင် ဒစ်ဂျစ်တယ်ဘဏ်ငါးခုကို လိုင်စင်ချပေးမည်

Wed, 07/03/2019 - 13:23 -- journal_editor

        ဘဏ်လုပ်ငန်းမဟုတ်သူများပါ ပါဝင် လုပ်ကိုနိုင်ရန်အတွက်  ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ငါးခုကို ချထားပေးမည်ဟု စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ Mon- etary Authority of Singapore (MAS) က ဇွန် ၂၈ ရက်တွင်ပြောကြောင်းချန်နယ်နယူး အေးရှသတင်းတွင် ဖော်ပြသည်။ စင်ကာပူ နိုင်ငံသည် အင်တာနက်ဘဏ်လုပ်ငန်း မူဘောင်ကို ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည်။  ထိုမူဘောင်အရ ဆောင်ရွက်နေ သော စင်ကာပူဘဏ် လုပ်ငန်း အုပ်စုများက ထူထောင်ထားသော ဘဏ်များကို  ချပေးခြင်းဖြစ်သည်။
     "ဘဏ်လုပ်ငန်း လိုင်စင်သစ်တွေကို ချပေးတာဟာ စင်ကာပူဘဏ်လုပ်ငန်းရဲ့ ဖြေလျှော့မှုခရီးစဉ်မှာ အခန်းကဏ္ဍသစ်ကို ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ပေးလိုက်တဲ့အတွက်  စင်ကာပူဘဏ် လုပ်ငန်းကဏ္ဍ က  ဒူပေနာပေခံနိုင်တယ်၊ ယှဉ်ပြိုင်နိုင်တဲ့စွမ်းရည်ရှိတယ်၊ အားမာန် အပြည့်ရှိတယ်ဆိုတာကို ပြသတာဖြစ်ပါ တယ်"ဟု  စင်ကာပူဘဏ်လုပ်ငန်းအသင်း ၏ (၄၆)နှစ်မြောက် နှစ်ပတ်လည် ညစာ စားပွဲမှာ  MAS ဥက္ကဋ္ဌ သာမန်း ရှန်မူရက် တနန်ကပြောသည်။
      လိုင်စင်သစ်များတွင်  ဒစ်ဂျစ်တယ် အပြည့်အ၀ ဘဏ်အဖြစ်  ဆောင်ရွက်ခွင့် လိုင်စင်နှစ်ခုပါဝင်ပြီး  ထိုဘဏ်များအား ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ခွင့်နှင့် လက်လီဖောက်သည်များထံမှ  အပ်ေ ငွများကို လက်ခံခွင့် ပြုထားသည်။ လက်ကား ဒစ်ဂျစ်တယ်ဘဏ်လိုင် စင်ထုတ်ပေးသော ဘဏ်မှာ သုံးခုဖြစ်သည်။ ထိုဘဏ်များအား အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများနှင့်  အခြားလက်လီ မဟုတ်သော အစိတ် အပိုင်းများအား ဝန် ဆောင်မှုပေးရန် ခွင့်ပြုထားသည်။ စင်ကာပူတွင် ရုံးချုပ်ဖွင့်ထားသောကုမ္ပဏီများနှင့် စင်ကာပူနိုင်ငံသားတို့ကချုပ် ကိုင်ထားသောကုမ္ပဏီများသည် ဒစ်ဂျစ် တယ်စနစ်ဖြင့် အပြည့်အဝ  ဆောင်ရွက် သော ဘဏ်လိုင်စင်ကို  လျှောက်ထားနိုင် သည်။

 

စံမီအောင်