Main menu

Background

မုတ်သုံမိုး အားနည်းမှုကြောင့် သီးနှံစိုက်ပျိုးမှုအတွက် အိန္ဒိယစိုးရိမ်

Wed, 07/03/2019 - 13:23 -- journal_editor

      အိန္ဒိယနိုင်ငံ၏  မုတ်သုံမိုးရွာသွန်းမှုသည်  ပျမ်းမျှရွာသွန်းမှုအောက်သို့ သီတင်းလေးပတ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဇွန်၂၆ ရက်တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့သည့်အတွက် အဓိသီးနှံ များစိုက်ပျိုးထုတ်လုပ်မှုနှင့် အိန္ဒိယစီးပွားရေးတစ်ခုလုံးအတွက်  စိုးရိမ်မှုများမြင့် တက်လျက်ရှိသည်။ မုတ်သုံမိုးသည် အိန္ဒိယနိုင် ငံလယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ အိန္ဒိယ နိုင်ငံ စိုက်ပျိုးနိုင်သောမြေ၏ ၅၅ ရာခိုင်နှုန်းသည် မိုးရေသောက်ဧရိယာများဖြစ် ပြီး အာရှတွင် တတိယအကြီးမားဆုံးဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံတန်ဖိုးရှိသော အိန္ဒိယနိုင်ငံစီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ပါဝင်မှုက ၁၅ ရာခိုင်နှုန်းရှိသည်။
      အိန္ဒိယနိုင်ငံစီးပွားရေးမှာ ယခုနှစ် ဇန်နဝါရီမှ မတ်လ သုံးလအထိ လေးနှစ် ခန့် တိုးတက်မှုနှုန်းမှာ အနှေးကွေဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် မုတ်သုံမိုးကျဆင်းသည့် အတွက် ထူးထူးခြားခြားမထိခိုက်နိုင်ဟု ခန့်မှန်းထားသည်။
လာမည့်သီတင်းပတ် နှစ်ပတ်သုံးပတ်အတွင်း မိုးရွာသွန်းမှုတိုးတက်မလာပါက  အိန္ဒိယနိုင်ငံ၏သီးနှံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ၏  ဝယ်လိုအားတွင် အကျပ်အတည်းဖြစ်ပေါ်နိုင်သည်။ လယ်သမားများအား လယ်ထွန်စက်မှ အစပြု၍ ဓာတ်မြေသြဇာ၊ လူသုံးကုန် အဓိကကုန်ပစ္စည်းအမျိုးမျိုးကို  ရောင်းချနေသော ကုမ္ပဏီများတွင် ထိခိုက်မှုအများဆုံးဖြစ်နိုင်သည်။

 

စံမီအောင်