Main menu

Background

အဆင့်မြင့်နည်းပညာတင်ပို့မှုကို ထိန်းချုပ်သည့်အတွက် ဂျပန်နိုင်ငံကို တောင်ကိုရီးယားပြစ်တင်

Thu, 07/11/2019 - 14:18 -- journal_editor

    အဆင့်မြင့်နည်းပညာ ပစ္စည်းများတင်ပို့မှုကို ထိန်းချုပ်သည့်စဉ်းမျဉ်းများကို တင်းကျပ်လိုက်သည့် မူဝါဒကို ဂျပန်နိုင်ငံက ရုပ်သိမ်းပေးအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တောင်ကိုရီးယားအစိုးရ အရေးေ ပါ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း NHK သတင်းဝက်ဘ်ဆိုက်တွင်ဖော်ပြသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသော ကုန်ပစ္စည်းအမယ် သုံးမျိုးအား တောင်ကို ရီးယားနိုင်ငံသို့တင်ပို့ပါက ခွင့်ပြုချက် ရ ယူရန်ဂျပန်အစိုးရက ဇူလိုင် ၄ ရက်က သတ်မှတ်ခဲ့သည်။
     ထိုပစ္စည်းသုံးခုမှာ  ဖလူအိုရိုက် ပိုလီမိုက်၊ အဆင့်မြင့် ဟိုက်ဒရိုဂျင်ဖလူ အိုရိုက်နှင့် လျှပ်စစ်ဒဏ်ခံပစ္စည်းတို့ ဖြစ်သည်။ တောင်ကိုရီးယားသို့ ပို့ကုန်မူဝါဒကိုပြောင်လဲရခြင်းမှာ မကြာသေး မီကာလအတွင်းက အပြန်အလှန် ယုံ ကြည်မှုများ ယိုယွင်းခဲ့ရသောကြောင့် ဖြစ်ကြောင်းဂျပန်အစိုးရကပြောသည်။ တောင်ကိုရီးယားနိုင်ငံ တစ်ခုတည်းကိုသာ ပစ်မှတ်ထားသော ဂျပန် နိုင်ငံ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ချမှတ် သော စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်ကြောင်း တောင်ကိုရီးယား နိုင်ငံကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းမှ အမျိုးသမီးအရာရှိတစ်ဦးက ပြောသည်။ အိုဆာကာတွင် ယခင်သီတင်း ပတ်ကကျင်းပသော ဂျီ ၂၀ ထိပ်သီး အစ ည်းအဝေး  သဘောတူညီထားခဲ့ သောစိတ်ဓာတ်ကို ဂျပန်နိုင်ငံကမဆန့် ကျင်သင့်ကြောင်း သူကပြောသည်။

 

စံမီအောင်