Main menu

Background

စီးတီးတက္ကစီမှတ်ပုံတင်ရန်နှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ စက်တင်ဘာလကုန်ထိ ဆောင်ရွက်ပေးမည်

Wed, 07/17/2019 - 11:06 -- journal_editor

       စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသော တက္ကစီယာဉ်များနှင့် စီးတီးတက္ကစီမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA)က လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ YRTA က စီးတီးတက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံ ချက်ဖြင့် ဆောင်ရွက်ခဲ့သောကာလအတွင်း တက္ကစီယာဉ် ပိုင်ရှင်များက စနစ်တကျ လာရောက်သတင်းပို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် နှင့်မှတ်ပုံတင်သက်တမ်းတိုးရန်အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်အသစ်များနှင့် စီးတီးတက္ကစီ ယာဉ်အချို့ကျန်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါယာဉ် ပိုင်ရှင်အချို့ကလည်း မှတ်ပုံတင်ခွင့်နှင့် သက်တမ်းတိုးခွင့်နှင့် သက်တမ်းတိုးခွင့်ဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် YRTA ရုံးချုပ်သို့ လျှောက်ထားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
      စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများကို YRTA ရုံးချုပ်၊ အမှတ် ၆၅၊ လေးထောင့် ကန်လမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်သို့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား ဆက်သွ ယ်ဆောင်ရွက်ရမည် ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက စစ်ဆေးအရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း  YRTA မှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ တက္ကစီယာဉ်မောင်းများ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုကြီးကြပ်ဆောင်ရွက် ရန်၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ တက္ကစီယာဉ်များကိုငှားရမ်း အသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်များ နှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)တွင် စီးတီးတက္ကစီမှတ်ပုံ တင်ခြင်း၊ စီးတီးတက္ကစီ မှတ်ပုံတင်သက်တမ်းတိုးခြင်း လုပ် ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်အောင်