Main menu

Background

စင်ကာပူတွင် မော်ဒယ်သစ် အိုင်ဖုန်းများ စတင်ရောင်းချ

Thu, 09/26/2019 - 14:53 -- journal_editor

    အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11,  iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး  အောချတ်လမ်းရှိ  အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား  တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။
    အိုင်ဖုန်းများတွင် ပြိုင်ဘက်စမတ်ဖုန်းများကဲ့သို့ 5Gဆက်သွယ်မှုမပါရှိသကဲ့သို့ ခေါက်နိုင်သော အမျိုးအစား လည်းမဟုတ်ပေ။ သို့သော်လည်း အက်ပဲ၏နောက်ဆုံးပေါ်ဖုန်းကို စိတ်ဝင်စားမှု ကျဆင်းသွားသည်ကို မတွေ့ရပေ။ ဖုန်းသစ်တွင်ပါရှိသော ပရိုဆက်ဆာနှင့်ပတ်သက်၍ အလွန်တရာစိတ်လှုပ်ရှားရကြောင်း CNA Lifestyle အဖွဲ့ဝင်တို့က ပြောသည်။ iPhone 11 နှင့် 11 Pro နှစ်ခုစလုံးတွင် A13 Bionic ပါရှိသည်။ ကုမ္ပဏီ၏ အဆိုအရ စမတ်ဖုန်း များတွင် သုံးသော ချစ်ပ်များအနက် အမြန်ဆုံးချစ်ပ်တစ်မျိုးဖြစ်ကြောင်းသိရသည်။
     ဖုန်းဘက်ထရီအားသွင်းပြီး အသုံးပြုနိုင်သော သက်တမ်းမှာ အဆမတန်ကြာရှည်ခံသည်။  iPhone 11 Pro နှင့် iPhone 11 Pro Max တို့၏ ဘက်ထရီအားသွင်းပြီး  အသုံးပြုနိုင်သောသက်တမ်းမှာ iPhone XS ထက် လေး နာရီနှင့် ငါးနာရီ  အသီးသီးပိုမိုရှည်ကြာစွာအသုံးခံသည်။ အထင်ရှားဆုံး အပြောင်းအလဲမှာ ကင်မရာကို အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။ iPhone 11 Pro နှင့် Pro Max တို့တွင် ကင်မရာကိုအဆင့်သုံးဆင့်ဖြင့်သုံးနိုင်သည်။ ကင်မရာမှန်ဘီလူးကို အကျယ်ဆုံး၊ စံချိန်မီအကျယ်နှင့် အဝေးဆွဲ တယ်လီဖိုတိုဟူ၍ သုံးမျိုးခွဲတပ်ဆင်ထားသည်။ iPhone 11 တွင်မှန်ဘီလူးနှစ်ဆင့်စနစ် dual-lens system ကို သုံးထားသည်။ အက်ပဲလက်လီဆိုင်များတွင် 64GB iPhone 11 အတွက် စင်ကာပူဒေါ်လာ ၁၁၄၉၊  256GB iPhone 11 Pro အတွက် စင်ကာပူဒေါ်လာ ၂၃၄၉ နှင့်  512GB iPhone 11 Pro Max အတွက် စင်ကာပူဒေါ်လာ ၂၃၄၉ ဖြင့် ရောင်းချ သည်။
 

စံမီအောင်