Main menu

Background

မိုးရွာသွန်းမှုအခြေအနေ ကောင်းမွန်လာသဖြင့် အိန္ဒိပဲမျိုးစုံ အထွက်ကောင်းနိုင်

Thu, 09/26/2019 - 14:59 -- journal_editor

     အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ  ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည်  ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိသည်။
     'အလားအလာအရ သီးနှံအထွက်ကောင်းပါမယ်'ဟု ကိုစတယ်အက် အတိုင် ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဂရက်ကိုစတယ်ကပြောသည်။ နွေစိုက်သီးနှံ  အခြေအနေမှာ ကျဆင်းနိုင်မည့်အလားအလာမရှိကြောင်းနှင့် မုတ်သုံမိုးကြောင့်  တာတမံများရေပိုပြည့် လာပြီး ဆောင်းရာသီသီးနှံအထွက်ကောင်းအောင် အထောက်အကူပေးလိမ့်မည် ဟု သူကပြောသည်။ ဤအခြေအနေက ကနေဒါနိုင်ငံမှ ပဲစိုက်တောင်သူများ၊ ကြိတ် ခွဲပြုပြင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအတွက် စိုးရိမ်စရာဖြစ်ရသည်။ အိန္ဒိယအစိုးရ၏  လက်ထဲတွင် ကြားခံသိုလှောင်ထားသော ပဲကမာဏမှာ အမြောက်အမြားရှိပြီး တန်ချိန် ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း အိန္ဒိယကုန်စည်ပွဲရုံ လုပ်ငန်း  JLV Agro ၏ ဒါရိုက်တာဖြစ်သူ ဗီဗစ်အက်ဂရာဝါကပြောသည်။

 

စံမီအောင်